Connect with us

Environment, Disasters & Accidents

အမြန်လမ်းမကြီး တစ်လျောက် ယာဉ်မတော်တဆမှုကြောင့် အောက်တိုဘာလ အတွင်း လူ ၁၅ ဦး သေဆုံး

အမြန်လမ်း၌ အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

အမြန်လမ်းမကြီး တစ်လျောက် ယခု အောက်တိုဘာ ၂၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၅ ဦး ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်သော အချက်အလက် အရ သိရသည်။

အမြန်လမ်းမကြီးတွင် အောက်တိုဘာ ၂၇ ရက်အထိ ယာဉ်မတော်တဆမှု ၆၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦး ၊ ထိခိုက် ဒဏ်ရာ ရရှိသူ ၁၃၀ ဦး ရှိကြောင်း သိရသည်။

ထို့အတူ ယခင်လနှင့် ယခုလ ဖြစ်ပွားမှု ၊ ထိခိုက် သေဆုံးမှု နှိုင်းယှဉ်ပါက နှစ်ဆ ခန့် ပိုမို ထိခိုက်မှု ရှိကြောင်း နှင့် ခရီးသွား ပြည်သူ အများ ယာဉ်မတော်တဆ ဖြစ်၍ လူထိခိုက်သေဆုံး မှု လျော့နည်းကျဆင်းစေရေး အတွက် သက်ဆိုင်ရာ အပိုင်းအလိုက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြပါရန်လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ခဲ့သည်။

အမြန်လမ်းမကြီးတွင် စက်တင်ဘာလ အတွင်း ယာဉ်မတော်တဆမှု ၃၂ မှု ဖြစ်ပွားကာ သေဆုံးသူ ရှစ်ဦး ၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၇၁ ဦး ရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး တစ်လျောက် သွားလာလျက် ရှိသည့် ခရီးသွားယာဉ်များသည် လမ်း၏ အမြန်လမ်းမကြီး တစ်ခု အရည်အသွေး သတ်မှတ်စံနှုန်း မကိုက်ညီခြင်း ၊ ယာဉ်မောင်းများ၏ စည်းကမ်းလိုက်နာမှု အားနည်းခြင်းနှင့် မဆင်မခြင် မောင်းနှင်ခြင်း ၊ ယာဉ်ကြံခိုင်မှုနှင့် အသုံးပြုမှု အခြေအနေ လိုက်လျောညီထွေ မရှိခြင်း ၊ ဒေသခံပြည်သူ များ၏ အသိပညာ နှင့် လူနေမှု ဘဝ အခြေအနေ မြှင့်တင်ရန် လိုအပ်ခြင်း များကြောင့် လူထိခိုက် သေဆုံးယာဉ်မတော်တဆ ဖြစ်စဉ်များ ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117