Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပစ္စည်းသယ်ကရိန်းယာဉ်တစ်စီး မီးလောင်မှုဖြစ် ၊ လူတစ်ဦး သေဆုံး

ယာဉ်မီးလောင်မှုအား မီးသတ် တပ်ဖွဲ့ဝင်များ ငြိှမ်းသတ်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၌ ပစ္စည်းသယ် ကရိန်းယာဉ် တစ်စီးသည် ယနေ့နိုဝင်ဘာ ၃ ရက် နေ့လည်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။

မြစ်ကြီးနားမြို့ ၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၅)၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်းမကြီးပေါ်တွင် ပစ္စည်းသယ် ကရိန်းယာဉ် Canter ကားအမျိုးအစားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ  မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊လူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ  အမျိုးသား တစ်ဉီး သေဆုံးသွားသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ လူနာတင်ယာဉ်ဖြင့် မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)