Environment, Disasters & Accidents
ကသာခရိုင် ကသာနှင့် ထီးချိုင့်မြို့နယ် တို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စာသင်ကျောင်းတချို့ပိတ်ထားရ
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာနှင့် ထီးချိုင့်မြို့နယ် တို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကသာမြို့နယ်တွင် စာသင်ကျောင်း ၃၄ ကျောင်း၊ ထီးချိုင့် မြို့နယ်တွင် စာသင်ကျောင်း ၂၅ ကျောင်းတို့ရေဝင်သဖြင့် ပိတ်ထားရပြီး အိမ်များအတွင်းသို့လည်း ရေများ ဝင်ရောက်ခဲ့ ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
ဇူလိုင်လ ၂၉ ရက်နေ့ တွင် စာသင်ကျောင်းများ စတင်ပိတ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ထီးချိုင့်မြို့ပေါ်ရှိ အမှတ် (၃)ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက် ရှိ အိမ်ထောင်စုများကို ကျောက်စေတီ ဘုန်းကြီးကျောင်းနှင့် ရွှေစည်းခုံဘုန်းကြီးကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း ဖွင့် လှစ်ထားပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိ ကြောင်း သိရသည်။ (Xinhua)