Environment, Disasters & Accidents
ကုန်းတွင်းပိုင်းမုန်တိုင်းငယ် စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ကျော်လျက်ရှိ၊ နောက် ၆ နာရီအတွင်း အားလျော့သွားမည်
ရန်ကုန်၊ မေ၂၂ ရက် (ဆင်ဟွာ)
ယမန်နေ့ညပိုင်း က ချင်းပြည်နယ်ကို ဖြတ်ကျော်ခဲ့ သော ကုန်းတွင်းမုန်တိုင်းငယ်သည် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်လက်ဖြတ်ကျော်လျက်ရှိပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက်(၆)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ကျော်ပြီးနောက် တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟုခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် စစ်ကိုင်းတိုင်းဒေသကြီး သို့ ဖြတ်ကျော်စဉ် စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည် နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ (၃၅) မိုင်မှ မိုင်(၄၀)ခန့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၂.၅.၂၀၁၆)ရက်နေ့မှ (၂၃.၅.၂၀၁၆) ရက်နေ့အတွင်း တစ်ပြည်လုံး တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် နေရာ ကွက်၍ မိုးကြီးမည် ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinua)