Environment, Disasters & Accidents
ငလျင်ဘေးသင့် ပုဂံဘုရားများ ပြုပြင်ရန် ပြည်သူ့လွှတ်တော်က ကျပ် သိန်း ၁၅၀ လှူမည်

နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
ငလျင်ကြောင့် ပြိုကျခဲ့သော ပုဂံဘုရားများ ပြုပြင်ရန် ပြည်သူ့လွှတ်တော်က ကျပ်သိန်း ၁၅၀ လှူဒါန်းမည်ဟု ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တွက် စရိတ် စုစုပေါင်း ကျပ် ၈၅ သိန်း၊ နှစ်သောင်း ( ၈,၅၂၀,၀၀၀ ကျပ်) နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ လှူငွေမှ ၆၄ သိန်း၊ ရှစ်သောင်း၊ နှစ်ရပ်ပေါင်း ကျပ် သိန်း ၁၅၀ တို့ကို လှူဒါန်းရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူချက်အရ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ အနောက်ဘက် ၁၂ မိုင် အကွာနေရာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၈ မဂ္ဂနီကျူရှိ ငလျင်ကြောင့် ပုဂံရှေးဟောင်း မြို့တော်ရှိ ဘုရားပုထိုး စေတီ စုစုပေါင်း ၃၉၇ ဆူ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။ (Xinhua)