Environment, Disasters & Accidents
တပ်ကုန်းမြို့ ၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ တွင် အင်အား ၃.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့ ၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀.၀၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၄ ဒီဂရီ၊ အနက်(၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၁၁)မိနစ်၊ (၃၁)စက္ကန့် အချိန်တွင် အဆိုပါငလျင်လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)