Environment, Disasters & Accidents
ပုဂံမြို့ သစ်လမ်းမတော် လမ်းရှိ ရွှေဗဟိုဟိုတယ်မီးလောင်မှု တွင် သေဆုံးမှု နှင့် ဒဏ်ရာရမှု မရှိ

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)
ယနေ့ နံနက် ၄ နာရီ ကျော်က ညောင်ဦးခရိုင်၊ ပုဂံမြို့ သစ် လမ်းမတော် လမ်းရှိ ရွှေဗဟိုဟိုတယ်မီးလောင်မှု တွင် သေဆုံးမှု နှင့် ဒဏ်ရာရမှု မရှိကြောင်း ညောင်ဦးမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။
ညောင်ဦးမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ဆီကို ဒီနေ့မနက် ၄နာရီကျော်လောက်က သတင်းရောက်တယ်။ မနက် ၆ နာရီ ဝန်းကျင်လောက်မှာ မီးညွန့်ကျိုးတယ်။ အနီးဝန်းကျင်က ဆိုင်ခန်းလေးတွေလည်း ကူးစက်မှုရှိတယ်လို့ သိရတယ်။’’ ဟု ပြောသည်။
မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား လက်ရှိတွင် မသိရှိရသေးကြောင်း ၎င်းကဆိုသည်။ (Xinhua)