Environment, Disasters & Accidents
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သုံးဆယ်ချောင်းအတွင်း ချောင်းရေ မြင့်တက်ခဲ့ရာ ရပ်ကွက် ၇ ရပ်ကွက်သို့ ရေများဝင်ရောက်လျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သုံးဆယ်ချောင်းအတွင်း ချောင်းရေ မြင့်တက်ခဲ့ရာ ရပ်ကွက် ၇ ရပ်ကွက်သို့ ရေများဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်ချောင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမူကြောင့် စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီ အချိန်က ချောင်းရေများမြင့်တက်ခဲ့ရာ သုံးဆယ်ချောင်းနံဘေးရှိ ရပ်ကွက် ၇ ရပ်ကွက် ဖြစ်သော အရှေ့သပြေကုန်းရပ်ကွက်၊ အနောက် သပြေကုန်း ရပ်ကွက်၊ သခွတ်ကုန်းရပ်ကွက်၊ အရှေ့လက်ပံခုန် ရပ်ကွက်၊ အနောက် လက်ပံခုန်ရပ်ကွက်၊ ဈေးရပ်ကွက်နှင့် ပေပင်ကုန်းရပ်ကွက်များသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
အရှေ့သပြေကုန်းရပ်ကွက် ၊ အနောက်သပြေကုန်းရပ်ကွက်နှင့် သခွတ်ကုန်းရပ်ကွက်များရှိ အနိမ့်ပိုင်း လူနေအိမ်များသို့ ချောင်းရေ ၄ ပေခန့် မြင့်တက်လာသဖြင့် တာဝန်ရှိသူတို့နှင့် လူမူကူညီရေးအသင်းတို့မှ အရှေ့လက်ပံခုန်ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု (၇) စု အနောက်သပြေကုန်း ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၂၃) စု သခွတ်ကုန်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၉)စု စုစုပေါင်း အိမ်ထောင်စု (၃၉) အုပ်စုမှ ကျား (၆၇) ဦး မ (၆၃) ဦးတို့အား နီးစပ်ရာဆွေမျိုးများထံ ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)