Connect with us

Environment, Disasters & Accidents

ဖြူးမြို့ ၏ တောင်အနောက်တောင်ဘက်(၂၅)မိုင် ခန့်အကွာကိုဗဟိုပြု၍ အင်အား ၄.၁ အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဖြူးမြို့ ၏ တောင်အနောက်တောင်ဘက်(၂၅)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၁၂၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၃၄၈၀ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၄၇)မိနစ် (၁၀)စက္ကန့် အချိန်တွင် ၎င်းငလျင်လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ပပထွန်းက “ဒီနေ့ငလျင်က သူ့ဗဟိုချက်က ပဲခူးရိုးမထဲကို ရောက်နေတယ်။ ပြီးတော့အင်အားကလည်းနည်းတဲ့အတွက် လူတွေ ငလျင်လှုပ်ရှားခြင်းကို ခံစားရမှု သိပ်မရှိနိုင်ဘူးလို့ထင်ပါတယ်။ ဖြူးဘက်မှာ ဒီငလျင်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ခံစားရမှုရှိမရှိတော့စုံစမ်းနေပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.