Environment, Disasters & Accidents
မန္တလေးမြို့တွင် နေအိမ် ၄လုံး မီးလောင်ဆုံးရှုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁-၅၂လမ်းကြား၊ အေးသုခလမ်းနှင့် အေးမေတ္တာလမ်းကြားတွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ မီးလောင်မှုအား Level 2 ယာဉ်အုပ်စုများထွက်ခွာပြီး ငြိမ်းသတ်ခဲ့ရာ နံနက် ၁၀နာရီ ၂၅မိနစ်တွင် မီးထိန်းနိုင်ကာ ၁၀နာရီခွဲတွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်း မီးစတင်လောင်ကျွမ်း ရခြင်းအကြောင်းရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးကို စစ်ဆေးနေကြောင်း သိရသည်။(Xinhua)