Environment, Disasters & Accidents
မွန်ပြည်နယ် ဘီးလင်းမြို့တွင် မြစ်ရေမြင့်တက်လာမှုကြောင့် လူပေါင်း ၆၀၀ကျော် စတင်ပြောင်းရွှေ့
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာများအတွင်းရှိ ဒေသခံ၆၀၀ ကျော် ရေဘေးလွတ်ရာသို့ ဇူလိုင် ၉ ရက်၌ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘီးလင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကန်သာယာရပ်ကွက်ရှိ တစညပါတီရုံးသို့ အဆိုပါရပ်ကွက်မှ အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၁၁၇ ဦးတို့သည် လည်းကောင်း၊ ကန်သာယာရပ်ကွက် ဓမ္မဝိဟာရ ဘုန်းကြီးကျောင်းသို့ အဆိုပါရပ်ကွက်နေ အိမ်ထောင်စု ၅၀ စု၊ လူဦးရေ ၂၂၅ ဦးတို့သည်လည်းကောင်း၊ ဘိုးရာဇာရပ်ကွက်ရှိ မြို့ဦးဘုန်းကြီးကျောင်းသို့ အဆိုပါရပ်ကွက်မှ အိမ်ထောင် စု ၁၁ စု၊ လူဦးရေ ၅၈ ဦးတို့သည်လည်းကောင်း၊ ဘိုးရာဇာရပ်ကွက်ရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဓမ္မာရုံသို့ အဆိုပါရပ်ကွက်နေ အိမ်ထောင်စု ၄ စု၊ လူဦးရေ ၂၃ ဦးတို့သည်လည်းကောင်း၊ ဘိုးရာဇာရပ်ကွက်ရှိ အ.ထ.က(ဘီးလင်း)သို့ အဆိုပါရပ်ကွက်နေ အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ၂၂၀ ဦးတို့သည်လည်းကောင်း ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်တွင် မြစ်ရေမြင့်တက်မှုအားတွေ့ရစဉ်(ဆင်ဟွာ)
ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်တွင် မြစ်ရေမြင့်တက်မှုအားတွေ့ရစဉ်(ဆင်ဟွာ)
ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်တွင် မြစ်ရေမြင့်တက်မှုအားတွေ့ရစဉ်(ဆင်ဟွာ)
ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်တွင် မြစ်ရေမြင့်တက်မှုအားတွေ့ရစဉ်(ဆင်ဟွာ)
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလက ဇူလိုင် ၉ ရက်က အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)