Environment, Disasters & Accidents
ရန်ကုန်-ပြည် အဝေးပြေးလမ်း၌ ယာဉ်တိုက်မှုကြောင့် လူ၇ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ပဲခူးတိုင်း ရွှေတောင်မြို့ဝါးလည်ရွာ အနီး ရန်ကုန်-ပြည် အဝေးပြေးလမ်းမကြီးပေါ်၌ ယနေ့ နေ့လည် ၁နာရီကျော်က သုံးဘီးဆိုင်ကယ်နှင့် express ခရီးသည်တင်ယာဉ်တိုက်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ရွှေတောင်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန် အမ်း စစ်တွေ ပြေးဆွဲနေသည့် မာန်သစ္စာခရီးသည်တင်ယာဉ်နှင့် သုံးဘီးဆိုင်ကယ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်ရှိ ယာဉ်မောင်းအမျိုးသားအပါအဝင် အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၅ဦးသေဆုံးခဲ့ပြီး ခရီးသည်တင်ယာဉ်ပေါ်ရှိ ခရီးသည်များ တစ်ဦးမျှ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သတ်ပြီး ရွှေတောင်ရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားကြသည်။ (Xinhua)