Environment, Disasters & Accidents
သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ တွင် အင်အား ၃.၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ထိုငလျင်သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၃)နာရီ (၂၂)မိနစ် (၀၉)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)