Environment, Disasters & Accidents
မင်္ဂလာဒုံမြို့နယ်၌ စက်ရုံဝန်ထမ်းဖယ်ရီကားနှင့် တွဲကားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနှင့် ၁၀၆ မှတ်တိုင်ကြားတွင် စက်ရုံဝန်ထမ်းဖယ်ရီကားနှင့် တွဲကားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြယ်စင်မေတ္တာ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်အေးဖြူက ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၁၇ ရက်၌ ပြောသည်။
အဆိုပါ ယာဉ်မတော်တဆမှုသည် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်အေးဖြူက “ယာဉ်မတော်တဆမှု ဖြစ်တာကတော့ ဒီနေ့ မနက် ၇ နာရီဝန်းကျင်လောက်ကပါ။ တွဲကားနဲ့ လိုက်ထရပ် ဖယ်ရီကား တိုက်မိခဲ့တာပါ။ ကျွန်မတို့ရောက်တဲ့အချိန်မှာ လူနာတွေက အခင်းဖြစ်ပွားတဲ့ ဘေးနားမှာ ထိုင်နေကြတယ်။ Ambulance တစ်စီးက ရောက်နေတယ်။ အဲဒီအနီးအနားက လူတွေကလည်း ဝိုင်းကူနေတာတွေ့ရတယ်။ ကျွန်မတို့ကလည်း ဆေးထည့်ဖို့လိုအပ်သူတွေကို ဆေးထည့်ပေးတယ်။ ယာဉ်မောင်းကို ကားထဲကနေဆွဲထုတ်ပြီးတဲ့အခါ လူနာတင်ယာဉ်တစ်စီးက ဆေးရုံကို ခေါ်သွားပေးတယ်။ နောက်ထပ်လူနာတွေကို နောက်ထပ်ကားနှစ်စီးပေါ်တင်ပြီး အင်းစိန်ဆေးရုံကို ခေါ်သွားပါတယ်” ဟု ပြောသည်။
အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကြယ်စင်မေတ္တာ လူမှုကူညီရေးအသင်းမှ သိရသည်။
“သေဆုံးသူကတော့ မရှိပါဘူး။ ဒဏ်ရာရသူတွေထဲက အမျိုးသမီးတစ်ဦးကတော့ ခေါင်းထိတယ်။ ဒါပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ အမျိုးသားတစ်ဦးက ခါးကိုထိသွားတယ်။ ကျန်သူတွေကတော့ မစိုးရိမ်ရ ထိခိုက်၊ ရှနာ ဒဏ်ရာတွေပဲ ရရှိပါတယ်” ဟု ဒေါ်ခင်အေးဖြူကပြောသည်။
ကားနှစ်စီးမှာ ၎င်း၏ လမ်းကြောင်းအတိုင်း မောင်းနှင်လာရာ တွဲကားက ကွေ့ကြောဖြစ်သောကြောင့် တစ်ဖက်လမ်းကို ရောက်သွားစဉ် လိုက်ထရပ် ကားက ရှောင်တိမ်းချိန်မရဘဲ ကားနှစ်စီး ခေါင်းချင်းတိုက်မိခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။ (Xinhua)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနှင့် ၁၀၆ မှတ်တိုင်ကြား၌ စက်ရုံ ဝန်ထမ်းများ တင်ဆောင်လာသော ဖယ်ရီနှင့် တွဲကား တိုက်မိမှု ဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကြယ်စင်မေတ္တာ လူမှုကူညီရေးအသင်း)