Environment, Disasters & Accidents
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၈ လုံး ပျက်စီး
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၈ လုံး ပျက်စီးခဲ့ကြောင်း ယနေ့ (ဧပြီ ၂ ရက်) နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။
“ အိမ်ပြိုတာမျိုးတော့ ပျက်စီးခဲ့တာမရှိပါဘူး၊ အမိုးလန်၊ ပေါက်ပြဲတဲ့ ပျက်စီးမှုမျိုးပါဘူး၊လူထိခိုက်တာမျိုးလည်း မရှိပါဘူး၊ ပျက်စီးခဲ့တဲ့ နေအိမ်၊ စာသင်ကျောင်း၊ ဘုရားစေတီအတွက် ထောက်ပံ့မှုတွေ သက်ဆိုင်ရာက ဆောင်ရွက်ပေးနေပါတယ်” ဟု သပိတ်ကျင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ သပိတ်ကျင်းမြို့နယ်အတွင်း မတ် ၃၁ ရက် ညနေ ၄နာရီက လေပြင်းတိုက်ခတ်မှုကြောင့် မြင်သာကျေးရွာ၊ ရေညှာဦးကျေးရွာ၊ ဗနွဲကျေးရွာ၊ ကျောက်ဖြူကျေးရွာနှင့် တောင်လယ်ကျေးရွာတို့မှ စာသင်ကျောင်း၊ဘုရားစေတီတစ်ဆူနှင့် နေအိမ် ၆၈ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)