Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံး

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များကို တွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း ဇွန် ၁ ရက် နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လေပြင်းတိုက်ခတ်မှုမကြောင့် ဆင်တလည်းကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၀၀ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး အရံစေတီ ၂ ဆူ ထီးတော်မြေခကာ စေတီ ၁ ဆူ ထီးတော် တိမ်းစောင်းပျက်စီးခဲ့ကြောင်း သိရသည်။အလားတူ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အရှေ့ကြူအင်းကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၇ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ် နောင်ပူအင်းကျေးရွာ၌ မေ ၃၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ပြိုကျ၊ ဓမ္မာရုံ ၁ လုံး၊ နေအိမ် ၁၂ လုံး အမိုးလန်ပျက်စီးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.