နေပြည်တော်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် ၉၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ မွန်းလွဲပိုင်းသတင်းစာ ရှင်းလင်းပွဲတွင်...
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လာရောက်အပ်နှံခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံမှုတွင် ရွှေထည်ပစ္စည်း ၁၁ခု၊ ငွေထည်ပစ္စည်း ၄ခု၊ ကြေးပစ္စည်း ၁၃၈ ခု၊ အခြားပစ္စည်း (မြေ၊ကျောက် နှင့်လုပ်ထားတာအပြင် အခြားပစ္စည်းများ) ၁၆,၄၂၈ ခု စုစုပေါင်း...
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၁၀၀၀၀ တန်ဖိုးရှိ အိုက်စ်များအား အောက်တိုဘာ ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC Myanmar)က ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ရှားပါးကြိုးကြာငှက်ထိန်းသိမ်းရေး နှင့် သုတေသနလုပ်ငန်းများကို လက်ရှိတွင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန်ရှိကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန မှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် အပါအဝင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာတွင် “မည်သူမျှ မကျန်ရစ်စေရ” ဆိုသည့်မူကို လက်ကိုင်ပြု၍ ဆောင်ရွက်နေကြောင်း UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်း ၃,၀၀၀ကျော် တန်ဖိုးရှိ တရားမဝင်သစ် တန် ၁,၁၄၀ ကျော်ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) YGN သင်္ကေတဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများနှစ်စဉ် လက်မှတ်သက်တမ်းအတည်ပြုလဲလှယ်ခြင်းလုပ်ငန်းအား နိုဝင်ဘာ၁၆ ရက်တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အား အပိုင်း သုံးပိုင်းခွဲ၍ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ပထမအဆင့်ကို အမြန်ဆုံးစတင်နိုင်ဖို့အတွက် ညှိနှိုင်းမှု အဆင့်ဆင့်အား ဆောင်ရွက် လျက်ရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးက ဆင်ဟွာသို့ အောက်တိုဘာ ၁၇...
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက်(၆)စောင်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ယခုအချိန်တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများအား ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားအောင် ကြံဆောင်ခြင်း စသည့်တရားမဲ့ပြုကျင့်မှုများအား တွေ့ရှိရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်...