Connect with us

Education & Health

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် စာမေးပွဲ မဖြေဆိုဖြစ်သူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ်တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ မြန်မာစာဖြေဆိုပြီး ထွက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာမ တစ်ဦးက “၂၀၂၃ ခုနှစ်က စနစ်ဟောင်းသမားတွေ အတွက် နောက်ဆုံးနှစ်ပဲ။ နောက်ဆိုရင် စနစ်သစ် Grade 11 တို့ Grade 12 တို့ ဖြစ်သွားမှာ။ နောင် ၂၀၂၄ ဆို G-12 စာမေးပွဲကျင်းပမှာ။ ကျင်းပပြီးရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်ဖြေရမှာ။ ၁၀ တန်းမရှိတော့ဘဲ အတန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမှာပေါ့။’’ ဟု ဆင်ဟွာသို့ ယနေ့ ဇွန် ၁၈ ရက်တွင် ပြောသည်။

၂၀၂၃ ခုနှစ်သည် စနစ်ဟောင်းသမားများအတွက် နောက်ဆုံးနှစ်ဖြစ်သောကြောင့် စာမေးပွဲကို ဖြေဆိုသင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)