ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ကျပ်သန်းပေါင်း ၄၀,၀၀၀ကျော်သုံးစွဲပြီး အဓိက တံတားကြီး ၄စင်း တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် နံနက် ၆:၀၀ နာရီမှ ညနေ ၄:၀၀ နာရီဟူ၍ သတ်မှတ်ထားသည့် မဲပေးချိန်ကို လိုအပ်ပါက ညနေပိုင်းတွင် ၄ နာရီ နောက်ပိုင်းထိ ထပ်တိုး ကောင်း တိုးပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး...
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်မှုမြင့်မားနေသောကြောင့် Stay at Home သတ်မှတ်ထားချိန်၊ လုပ်ငန်းအများစု သည် Work From Home ဆောင်ရွက်နေသည့်အတွက် YBS စီးနင်းသူများစွာကျဆင်းလျက်ရှိသောကြောင့် YBS ယာဉ်လိုင်းများရေရှည်ရပ်တည်နိုင်ရေးခက်ခဲလာကြောင်း၊ ထို့ကြောင့် YRTA အနေဖြင့် ကူညီမှုများဆောင်ရွက်ပေးနိုင်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း...
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) နေပြည်တော်ကောင်စီ နယ်မြေ ၊ တိုင်းဒေသကြီး ပြည်နယ် သစ်တောဦးစီးဌာနများမှ ရက်သတ္တပတ်အတွင်း တရားမဝင်သစ် ၂၃၇ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) လျာထား မြေဧက ၉,၆၉၀ ဒသမ ၄ ဧက ပေါ်တွင် တည်ဆောက်ရန် စီစဉ်လျက် ရှိသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားပြီး တစ်နှစ်လျှင် ခရီးသည် ရှစ်သန်း ကိုင်တွယ်...
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ချိုးဖောက်သူ (၆၂၄) ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲများလာရောက်ပေးမည့် မဲရုံအရေအတွက်သည် အခြေခံ မဲဆန္ဒရှင် စာရင်းပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကေည်မရှင်ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၅,၃၂၅ ဦး သေဆုံးခဲ့ကြောင်း နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၏ အရှေ့ဘက် ရေမိုင် (၃၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသောအပူပိုင်းမုန်တိုင်းငယ်သည် ယနေ့ အောက်တိုဘာ ၇ ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ရောက်ရှိနိုင်ပြီး၊ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းအဖြစ်...
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) မိုးရာသီကာလအတွင်း ယာယီရပ်နားခဲ့သော လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံ၍ ယာယီရပ်ဆိုင်းထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း မှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်က...