ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အထွက်ရှိ တာ့ကျင်တောင်သည် ယနေ့(ဇွန် ၁၁ရက်) ညနေ ၆နာရီခွဲခန့်တွင် တောင်ပြိုကျမှုဖြစ်ပွါးရာ လူနှစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကလေးဝမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်း ထားသည့် ၂၀၂၀ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ပြန်လည်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် အနောက်တောင်မုတ်သုံလေသည် တစ်နိုင်ငံလုံးသို့ ဇွန် ၁၀ ရက် တွင် စတင် ဝင်ရောက်ခဲ့ပြီး မိုးဦးကာလကို ရောက်ရှိပြီဖြစ်ကြောင်း၊ မုတ်သုံဝင်ရောက် သော်လည်း မုတ်သုံညံ့နေသေးကြောင်း၊ မိုးလေဝသ နှင့်...
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ထဲသို့ ယနေ့ ညနေပိုင်းတွင် ဝင်ရောက်လုယက်ခဲ့သူများအနက် တစ်ဦးအား တစ်နာရီအတွင်း ဖမ်းဆီရးမိထားပြီး ကျန်ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အတိုးမဲ့ ချေးငွေ ယွမ် သန်း ၈၀ ဖြင့် မြန်မာ့ မီးရထားမှ ဝယ်ယူ ထားသော လူစီးရထားတွဲ အသစ် ၂၈ တွဲ ဝယ်ယူခြင်းအတွက် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါ တွဲအားလုံး...
နေပြည်တော်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) အစိုးရသစ် လက်ထက်၌ ရွှေတိဂုံစေတီတော်နှင့် ကျိုက်ထီးရိုး စေတီတော်တို့တွင် ဂေါပက အသစ် များ ပြန်လည် ဖွဲ့စည်းပေးခဲ့ပြီးနောက်လေးနှစ်တာအတွင်း နှစ်စဉ် အလှူငွေများ တိုးတက်ရရှိခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက ယနေ့ ညနေ သတင်းစာ...
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ငွေကျပ် ၁၀,၇၈၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် မိုးကြိုကာလသည် မုတ်သုံအားပျော့နေ၍ မိုးကြိုးပစ်သည့် ဖြစ်စဉ်များ ယခင်နှစ်ကထက် ပိုများ နိုင်ရာ မွန်းလွဲ ၃ နာရီ မှ ည ၇ နာရီ အချိန်အတွင်း မိုးကြိုးဘေးအန္တရာယ်ကို သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ...
နေပြည်တော်၊ ဇွန် ၈ ရက်(ဆင်ဟွာ) ရေနံထွက် ပစ္စည်းများအတွက် Oversea market အား မှီခိုမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်း လိုအပ် ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်တို့တွင် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံတို့ဖြင့်...
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို ဇွန် ၆ ရက်တွင် ပြောသည်။