Connect with us

Social

YBS ယာဉ်မောင်းများ၏ သက်တမ်းကုန် Smart Card လဲလှယ်ခြင်းကို ဒီဇင်ဘာလထဲတွင် ဆောင်ရွက်ပေးရန်ရှိ

ဘတ်စ်ကားမှတ်တိုင်တွင် YBS ယာဉ်ပေါ်မှ ဆင်းလာသော ခရီးသည်အချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်မြို့တွင်ပြေးဆွဲနေသော YBS ယာဉ်မောင်းများ၏ သက်တမ်းကုန်နေသည့် ယာဉ်မောင်းသက်သေခံ Smart Card များအား လဲလှယ်ပေးခြင်းကို ဒီဇင်ဘာလထဲတွင်ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၃ ရက်တွင်ပြောကြား သည်။

“Smart Card တွေသက်တမ်းကုန်ရင် သတင်းပို့ပြီး ကျွန်တော်တို့က ပြန်လည်စိစစ်ဆောင်ရွက်ပေးမှာပါ။ သက်ဆိုင်ရာယာဉ်လိုင်းတွေရဲ့ တာဝန်ရှိသူတွေလာတယ်။ အချက်အလက်ပေါ်မူတည်ပြီး ကျွန်တော်တို့က ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ယာဉ်မောင်းတွေပေါ်မှာခရီးသည်တွေရဲ့တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး စိစစ်ဆောင်ရွက်နိုင်ရန် YBS ယာဉ်မောင်းတွေအတွက် Smart Card ကိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။’’ ဟု ၎င်းက ဆိုသည်။

ယင်း Smart Card များကို YRTA အနေဖြင့် ၂၀၁၉ ခုနှစ်နှစ်လည်ပိုင်းတွင် စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သက်တမ်းကုန်သွားသည့် Smart Card များအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လမှ စတင်သက်တမ်းတိုးဆောင်ရွက်ပေးခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ခေတ္တရပ်နားခဲ့ရခြင်းဖြစ်ပြီး ယခုဒီဇင်ဘာလ တွင် သက်တမ်းတိုးခြင်းအား ပြန်လည်ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Smart Card များကို YBS ယာဉ်မောင်း ၉,၀၆၀ ဦးထံ ထုတ်ပေးထားခဲ့ကြောင်း လည်း သိရသည်။ ယခုအခါ YBS စီးနင်းသူဦးရေမှာ ပြန်လည် တိုးလာနေပြီဖြစ်ရာ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်တွင် YBS ယာဉ်လိုင်း (၁၀၆) လိုင်းမှ မော်တော်ယာဉ်စီးရေ (၂,၈၃၇) စီးဖြင့် ခရီးသည် (၄၈၅,၄၅၈) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.