ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုတ်သုံအဝင် နောက်ကျလျက်ရှိကြောင်း၊ ထိုသို့ မုတ်သုံနောက်ကျသည့်အတွက် မုတ်သုံမဝင်ခင်ကာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မိုးသက်လေပြင်းကျတာမျိုးဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးဦးလှထွန်းက မေ ၂၈ ရက်တွင်ပြောကြားသည်။
နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ) ၂၀၁၉ – ၂၀ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲမှု (RE:_ Revised Estimated) ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ကျပ် ၈၇ ဒသမ ၁၁၃ ဘီလီယံ ဖြတ်တောက်ပြီး အတည်ပြုခဲ့သည်။
နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန် လျာထားခဲ့ရာ ယခုဘဏ္ဍာနှစ်အတွင်း မတ်လအထိ တင်ပို့ ပြီး ဆန်မှာ တန်ချိန် ၁ ဒသမ ၇ သန်းရှိခဲ့သောကြောင့် ဘဏ္ဍာနှစ်၏...
ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ယနေ့ မေ ၂၆ ရက် နံနက် ၈နာရီကျော်ခန့်တွင် လူ ၁၉ ဦးတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးသည် ပေ ၂၀၀ခန့် အနက်ရှိသော ချောက်အတွင်းပြုတ်ကျခဲ့ရာ ယာဉ်ပေါ်ပါ လူ ၁၀ ဦးသေဆုံးပြီး...
နေပြည်တော်၊ မေ ၂၆ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတထံက ပေးပို့ထားသော ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် နိုင်ငံတော်၏ လိုငွေအား ဖြည့်ဆည်းရန် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရေး နှင့်...
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်အား တာဝန်ပေးရန် အတည်ပြုခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း (၁၅၀) ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ထပ်မံ ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံအဝင်နောက်ကျခဲ့သည့်အတွက် မိုးကြိုကာလတွင် ရာသီဥတုပေါ်မူတည်၍ ရေလိုအပ်မှုနည်းသည့် သီးနှံများ ကို တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ နည်းပညာအခက်ခဲရှိပါက စိုက်ပျိုးရေးဦးစီးဌာန သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ မေ...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယနေ့ (မေ ၂၅ရက်)မှစတင်ပြီး နိုင်ငံတော် ဘဏ္ဍာဆုံးရှုံးမှုမရှိစေရန်နှင့် တရားမဝင် ကုန်စည်များတင်ပို့မှု ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံခြားအရက်များကို တရားဝင် တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ပြောကြားသည်။