Connect with us

Culture & Entertainment

အမျိုးသားဇာတ်ရုံကြီး ပြုပြင်မွမ်းမံတည်ဆောက်ရေးတွင် တစ်ထောင့်တစ်နေရာမှ တူစုံလက်ညီပါဝင် ဆောင်ရွက်နေသူ

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော ကျော်ထက်အောင်အား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(Xinhua/U Aung)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)  ရေးသားသူ- မြတ်မြတ်ဦး၊ ဟေမာန် 

မိုးရွာပြီး မနက်ခင်းပိုင်း ရန်ကုန်မြို့၏ကောင်းကင်က ကြည်လင်နေပြီး တိုက်ခတ်လာသည့် လေပြေလေးက အေးမြသန့်ရှင်းလတ်ဆတ်နေသည်မှာ စိတ်ကြည်နူးဖွယ်ပင်ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ် ကျော်ထက်အောင်သည် အဆောက်အဦခေါင်မိုးပေါ်တွင် ဂဟေပိုက်လိုင်းဆက်နေသည်။ ဂဟေဆော်ရာမှ ဖြာထွက်လာသည့် မီးပွားများနှင့်အတူ သူ့လုပ်ငန်းခွင်၏ မလှမ်းမကမ်းတွင်တည်ရှိသော ကြည်ညှိဖွယ် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမြော်လိုက်ရသည်။

ကျော်ထက်အောင် အလုပ်လုပ်ကိုင်နေသော အဆိုပါ အမျိုးသားဇာတ်ရုံကြီးကို ၁၉၉၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံအစိုးရ၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သည့်စီမံကိန်းတစ်ခုဖြစ်ရာ ယခုအခါ တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ပြယုဂ်တစ်ခုပင် ဖြစ်သည်။

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော  ကျော်ထက်အောင်အား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(Xinhua/U Aung)

မြန်မာနိုင်ငံ၏ အကြီးဆုံး ပြဇာတ်ရုံကြီး တစ်ခုဖြစ်သည့် ရန်ကုန်အမျိုးသားဇာတ်ရုံကို နှစ်ပေါင်း ၃၀ နီးပါး အသုံးပြုခဲ့ရာတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ဖျော်ဖြေပွဲများ၊ ယဉ်ကျေးမှုဖလှယ်ရေးလှုပ်ရှားမှုများလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
ယင်းအဆောက်အဦနှင့်စက်ပစ္စည်းများ ယိုယွင်းလာမှုကြောင့် အသစ်ပြန်လည်ပြုပြင်မွမ်းမံရန် လိုအပ်လာသည်။

“အမျိုးသားဇာတ်ရုံကြီး ပိုပြီးသစ်လွင်ကောင်းမွန်လာအောင် အသစ်ပြုပြင်မွမ်းမံဖို့ ဆောင်ရွက်ရာမှာ အကူအညီပေးဖို့ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံအစိုးရက ကမ်းလှမ်းခဲ့ပါတယ်။ ဒီအတွက်လည်း နှစ်ဖက်စလုံးက ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေအများကြီးလုပ်ရတယ်။ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီစာချုပ်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ် ”ဟု အမျိုးသားဇာတ်ရုံ ထိန်းသိမ်းပြုပြင်မွမ်းမံတည်ဆောက်ရေး စီမံကိန်း နည်းပညာအဖွဲ့ အဖွဲ့ခေါင်းဆောင် ဝမ်ရုံရွဲ့က ဆိုသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အမျိုးသားဇာတ်ရုံ ထိန်းသိမ်းပြုပြင်မွမ်းမံတည်ဆောက်ရေး စီမံကိန်း တရားဝင်စတင်ခဲ့သည်။ စီမံကိန်းလုပ်ငန်းအဖွဲ့အနေဖြင့် ပင်မအဆောက်အဦ တည်ဆောက်ပုံကို မပြောင်းလဲဘဲ အမျိုးသားပြဇာတ်ရုံကို ဘက်စုံ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိရာ မွမ်းမံဆောက်လုပ်ရေးလုပ်ငန်းခွင်၏ စုစုပေါင်း ဧရိယာအကျယ်သည် စတုရန်းမီတာ ၁၀,၃၄၈ ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော ကျော်ထက်အောင်နှင့်၎င်း၏ဆရာ ထျန်ကျစ်ကျန်းအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(Xinhua/U Aung)

စီမံကိန်းအကောင်အထည်ဖော်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းအချို့ ဖန်တီးပေးနိုင်ခဲ့ပြီး ပါဝင်ဆောင်ရွက်သူ အလုပ်သမားများအတွက်လည်း လုပ်ငန်းကျွမ်းကျင်မှု စွမ်းရည် မြှင့်တင်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်ထက်အောင်သည် ထိုစီမံကိန်းတွင် ပညာသင်အနေဖြင့် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။ အလုပ်ရောက်စက သာမန်လေအေးပေးစက်တပ်ဆင်ရေးအပိုင်းတွင် တာဝန်ယူလုပ်ရသူဖြစ်သော်လည်း ဝရိန်ဆော်ဂဟေဆက် ပညာအပေါ် စိတ်ပါဝင်စားမှုရှိခြင်း၊၎င်းနှင့်ပတ်သတ်ပြီးအခြေခံဗဟုသုတများလည်း သိရှိခြင်းကြောင့် စီမံကိန်းရှိ ဆရာများက အခြေခံအားဖြင့် လွယ်ကူရိုးရှင်းသည့် ဝရိန်ဆက်သည့်အလုပ်များကို သင်ကြားပေး၊လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော  ကျော်ထက်အောင်အား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(Xinhua/U Aung)

ကျော်ထက်အောင်ကို ဝရိန်နည်းပညာ သင်ကြားပေးနေသူ ထျန်ကျစ်ကျန်းက “ကြိုပြီး အရွယ်အစားတိုင်းထားမယ်။ အဓိကနေရာတွေမှာ ဂဟေတို့ပေးထားမယ်၊ ၂ စင်တီမီတာကို တစ်ခါသူဆက်ထားတာကို ပြန်စစ်ပြန်ကြည့်ပေးတယ်။ သာမန် စင်တို့ထောက်တိုင်တို့နဲ့ ပိုက်လိုင်း ဂဟေကို ကောင်းကောင်းကြီးလုပ်နိုင်တယ် ”ဆိုသည်။

“အရင်တုန်းက ဝရိန်ဆော်ခဲ့ဖူးလာဆိုတော့ ကျွန်တော် တို့တတ်ရုံလောက်ပဲဗျ။ ဘာမှတော့ ကျွန်တော်မသိခဲ့ဘူးပေါ့။ဒီကိုရောက်မှ ကျွန်တော့်ဆရာတွေက ကျွန်တော့်ကို သေသေချာချာသင်ပေးတာပေါ့။ ကျွန်တော့်ကို စိတ်ရှည်ပေးတယ် လူမျိုးခြားတစ်ယောက်ကို ကျွန်တော်ကို နားလည်အောင် သေသေချာချာ သူပြပေးတယ်။ ကျွန်တော်အလုပ်နားတဲ့အချိန် သူ့ဖုန်းထဲက ဝရိန်တို့ပုံတို့နည်း ဗွီဒီယိုလေးတွေကို သူက မှင်နဲ့ထောက်ပြတယ်။ ဝရိန်ချောင်းကို ကိုင်ပြီးတော့ ဒီလိုဒီလို တို့ရတယ် ဒီလိုဒီလိုပုံစံမျိုးဆိုပြီးပေါ့။ စကားနားမလည်ပေမဲ့ သူဆိုလိုတဲ့သဘောတရားကိုတော့ကျွန်တော် နားလည်တယ် “ဟု ကျော်ထက်အောင်က ဆိုသည်။

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော  ကျော်ထက်အောင်အား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(Xinhua/U Aung)

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများအား  ကိုယ်ပူချိန်တိုင်းနေသည်ကို အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(Xinhua/U Aung)

“ဒါကတော့ ရေပိုက်လိုင်းပေါ့ ။ ကျွန်တော့်ဆရာနဲ့ သုံးရက်လောက်က လုပ်ထားတာ။ ဆရာ goodဆိုတော့ ကိုယ်လုပ်တာ အရာထင် သွားတယ် ။ အဲ့ဒါကြောင့်မို့ ဝမ်းသာတာပေါ့။ ”ဟု ကျော်ထက်အောင်က အမျိုးသားဇာတ်ရုံလုပ်ငန်းခွင်ရှိ သူ၏လက်ရာလေးများကို လိုက်ပြရင်း ပြောသည်။

ကပ်ရောဂါကာလ အလုပ်အကိုင်အခွင့်အလမ်းရှားပါးချိန်တွင် စီမံကိန်းလုပ်ငန်းခွင်၌ ရောဂါကာကွယ်ရေးများ ကိုလည်း တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းခွင် လုံခြုံသည့်အပြင် လုပ်ခလစာထဲမှ ပိုလျှံငွေကို အိမ်သို့ ပြန်ပို့နိုင်သောကြောင့် ကျော်ထက်အောင်အတွက် အဆင်ပြေသည်ဟု ဆိုသည်။

လုပ်ငန်းခွင်အတွင်း လုံခြုံသော ရောဂါကာကွယ်ရေး အစီအမံများအောက်တွင် လုပ်ကိုင်နေသော ကိုကျော်ထက်အောင်က “အခုလက်ရှိ မြန်မာပြည်မှာရော ၊ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ မြန်မြန် ပျောက်ကင်းပါစေလို့ ဆုတောင်းတယ်”ဟု ဆိုသည်။

“ဆောက်လုပ်ရေးဆိုက်ကြီးပြီးသွားရင် ကျွန်တော် ဂဟေဆက်တဲ့ နည်းပညာကလည်း အများကြီးတိုးတက် လာမယ်လို့ ထင်တယ်။ ဒါနဲ့ အလုပ် လုပ်ချင်တယ်။ ပြန်သွားရင်တော့ စတီးသံဗန်းအလုပ် လုပ်ချင်တယ်။ ”ဟု ကျော်ထက်အောင်က ပြောသည်။အမျိုးသားဇာတ်ရုံကြီး ပြုပြင်မွမ်းမံမှုတွင် တစ်ထောင့်တစ်နေရာက ပါဝင်သူတစ်ဦးအနေဖြင့် “ပြဇာတ်ရုံကြီးပြီးသွားရင် ပွဲတွေဘာတွေကျင်းပလို့ဆိုရင် ကျွန်တော်ကိုယ်တိုင်လာရောက်ပြီးတော့ အားပေးချင်သေးတယ်”ဟု ကျော်ထက်အောင်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.