Connect with us

Environment, Disasters & Accidents

အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင် အဆင့် သတ်မှတ်

မိုးလေဝသဂြိုဟ်တုမှ ရိုက်ကူးထားသည့်မုန်တိုင်းငယ် ဦးတည်ရာပြကောင်းကင်ဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် ၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင် အဆင့်ဟု သတ်မှတ်ကြောင်း၊ ယခုနှစ်သည် လာနီညာနှစ်ဖြစ်သောကြောင့် ဘင်္ဂလားပင်လယ်အော်တွင် ယခင်နှစ်ထက် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆင်ဟွာသို့ နိုဝင်ဘာ ၂၄ ရက်တွင်ပြောသည်။

“ဒီနှစ်ကလာနီညာနှစ်ဖြစ်တော့ ဆောင်းရာသီမှာလည်း မုန်တိုင်းတွေ ပိုဖြစ်နိုင်တယ်။ ဒီအားကောင်းတဲ့ မုန်တိုင်းငယ်ကတော့ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိပါဘူး။ အခုနိုဝင်ဘာလက လာနီညာဖြစ်စဉ် က ပိုပြီးအားကောင်းလာတဲ့အခြေအနေရှိပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလလောက်အထိ လာနီညာရာသီဥတုဖြစ်စဉ် တွေ ဆက်ပြီးဖြစ်နိုင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်( Deep Depression)သည် နောက် (၆) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ နောက် (၂၄) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်းနှင့်မြန်မာ့ရေပြင်လေသည် မြောက်(သို့) အရှေ့မြောက် သို့ တစ်ခိုက်နိုင်ကြောင်း၊ တစ်နာရီ ပင်လယ်မိုင် ၁၀မိုင်မှ ၁၅မိုင်ကြား၊ တစ်ခါတစ်ရံ (၂၅)မိုင် တိုက်ခိုက်နိုင်ကြောင်း၊ လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း သိရသည်။ မုန်တိုင်းဦးတည်ချက်နှင့် ပတ်သက်၍ မိုးဇလအနေဖြင့်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117