ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ၊ လွိုင်လင်မြို့နယ်၌ ဒီဇင်ဘာ ၈ ရက်က မော်တော်ယာဉ် တစ်စီးပေါ်တွင် ဒေသကာလ ပေါက်ဈေး တန်ဖိုး ကျပ် ၁၁,၅၀ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း မူးယစ်...
နေပြည်တော်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ပြည်သူလူထု အခြေပြု နည်းလမ်းများဖြင့် လျှောက်လှမ်းနေသည့် နိုင်ငံတော် ပြုပြင် ပြောင်းလဲရေးနှင့် တည်ဆောက်ရေး ခရီးလမ်းတွင် အဂတိလိုက်စားမှု ပြဿနာသည် အဓိကကျသော ခလုတ်တံသင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ဦး၀င်းမြင့်က ယနေ့နေပြည်တော်တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး...
မန္တလေး၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဒီဇင်ဘာ ၈ ရက်တွင် မန္တလေးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ) ထိုင်-မြန်မာ ချစ်ကြည်ရေး သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့၊ ချမ်းမြေ့သာစည် လေယာဉ်ကွင်းအတွင်း၌ ဒီဇင်ဘာ ၈ရက် နံနက်အစောပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပလျက်ရှိသောအကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို လှေလှော်အားကစားနည်းမှ ရရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် နေပြည်တော်မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း...
နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့သည် ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုတွင် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ နယ်စပ်ကုန်သွယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် မှာကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ၏ ဘော်လီဘော အုပ်စု ပွဲစဉ်တွင် မြန်မာဘော်လီဘောအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက် ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၈ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။