Connect with us

Culture & Entertainment

၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဆန်ခါတင်ရုပ်ရှင်ကားများစာရင်းထုတ်ပြန်ကြေညာ 

၂၀၁၆ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဒုတိယအဆင့် ကြည့်ရှုခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ ထဲမှ ရွေးချယ်ထားသော ဆန်ခါတင် ၂၉ ကားစာရင်း ကို တရားဝင်ထုတ်ပြန် ကြေညာထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦး က ယနေ့ ဖေဖော်ဝါရီ လ ၂၆ ရက်တွင်ဆင်ဟွာကိုပြောသည်။

သူစိမ်းအိမ်၊ ဟစ်တိုင်၊ နိုင်ငံကြီးသား၊ စရိုက်၊ ရူးအောင်ချစ်မယ့်သူ၊ မဟူရာရုပ်ရှင်ရုံ၊ ဒဏ္ဍာရီမိုး၊ အထက်တန်းစား၊ သစ္စာနန်းတော်၊ ထာဝရထက်နှစ်ဆ၊ နို့ဘီလူး၊ ကျွန်မချစ်သော ယောက်ျားသုံးယောက်၊ပြုံးရွှင်ရေပျော်ရဲ့လား၊ လျှပ်၍လွင့်သော၊ ကျောမှာဂဠုန် ရင်မှာနဂါး၊ ဧည့်သည်၊ ထာဝရနှောင်ကြိုး၊ အခမ်းနားဆုံးမေတ္တာ၊ ခရေ၊ Box 88၊ ပပဝတီစီရင်ခန်း၊ ကြာတော့သည်လည်းမောင့်စကား၊ ဗိုလ်နေတိုး၊  ရိုးမပေါ်ကျတဲ့မျက်ရည်၊ လိပ်ပြာစံအိမ်၊ ညစ်တွန်း၊ ၁၀၁၄၊ တိမ်တွေပေါ်ကပန်း နှင့် ချည် ဇာတ်ကားတို့အား စကားတင်ရုပ်ရှင်ဇာတ်ကားများအဖြစ်ရွေးချယ်ထားကြောင်း သိရသည်။

ထိုတာဝန်ရှိသူက “စကားတင်စာရင်း (Nomination) ကို နိုင်ငံတကာမှာလည်း ထုတ်ပြန်လေ့ရှိပါတယ်။ ဒါကြောင့် ထုတ်ပြန်ခဲ့တာပါ’’ ဟုပြောသည်။မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို ၂၀၂၀ပပြည့်နှစ် မတ် ၂၉ ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊  ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအား ပြည်သူ့ရင်ပြင်တွင် ပထမအကြိမ်ကျင်းပခဲ့ပြီးဖြစ်ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)