နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက ်(ဆင်ဟွာ) လွှတ်တော်ထဲ၌ ဖြစ်ပေါ်နေသော အခြေအနေ၊ နိုင်ငံတော်၏ အခြေ အနေ၊ နိုင်ငံတကာ နယ်ပယ် အခင်းအကျင်းသည် မြန်မာနိုင်ငံသားများ အနေဖြင့်ရော မြန်မာနိုင်ငံ အစိုးရ အနေဖြင့်ရော သတိ ကြီးစွာ၊ စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ရမည့် အနေအထားဖြစ်သည်ဟု ပြည်ထောင်စု...
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၄, ၄၃ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းကျင်းပသည့် ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်ကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ကျေးသီးနှင့် ငဖဲမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၅ ဒသမ ၁၅ ဧက ဖျက်ဆီးခဲ့ကြာင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တင်သွင်းခဲ့သည့် အခန်း ခုနစ်ခန်း၊ ပုဒ်မ ၂၀ ပါရှိသော အမျိုးသား စာကြည့်တိုက် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးက ပြင်ဆင်ချက် များ ဖြင့် အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် တတိယလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပလျက်ရှိသောအကြိမ် ၃၀ မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအမျိုးသား နှစ်ယောက်တွဲ ဘိလိယက် (Men’s 9ball pool double) တွင်ရွှေတံဆိပ်ဆုကို ဒီဇင်ဘာလ ၅ ရက်တွင်ရရှိခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) နေပြည်တော် နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ်တန် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၊ အမျိုးသား ဘောလုံး ယူ ၂၂ ပြိုင်ပွဲတွင် အုပ်စု ပထမဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာ ယူ-၂၂ ဘောလုံးအသင်းမှာ အင်ဒိုနီးရှား ယူ-၂၂ ဘောလုံးအသင်းနှင့်...
နေပြည်တော်၊ ဒီဇင်ဘာ၂၀၁၉ (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် စီးပွား မိတ်ဖက်နိုင်ငံများ နှစ်ဖက်စလုံး ကောင်းစွာ ဖွံ့ဖြိုး အကျိုးရှိရေး အတွက် မိမိတို့တွင် အားကောင်းပြီး ခိုင်မာသော အခြေခံ အုတ်မြစ်များ အသေအချာ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဒုတိယ...