Connect with us

Social

လူထုဗဟိုပြုစီမံကိန်းကို အမေရိကန်ဒေါ်လာ (၅၄၉)သန်းဖြင့် မြန်မာနိုင်ငံရှိ (၆၃)မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ 

ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသ မြင်ကွင်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

လူထုဗဟိုပြုစီမံကိန်းကို စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၄၉)သန်းဖြင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၆၃)မြို့နယ်တွင် အကောင်အထည် ဖော်လျက်ရှိပြီး ရန်ပုံငွေပိုလျှံမှုနှင့် ထပ်မံရရှိလာမှုကြောင့် နောက်ထပ်(၁၃)မြို့နယ်အား တိုးချဲ့အကောင်အထည်ဖော်ရန် ရွေးချယ်လျက်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီးတွင် ဖေဖော်ဝါရီ လ ၂၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဆင်းရဲနွမ်းပါးသော ကျေးလက်လူထုအနေဖြင့် အခြေခံလူမှုစီးပွား အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို လူထုဗဟိုပြုစနစ် ကျင့်သုံး၍ ရယူသုံးစွဲနိုင်စေရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျေးလက်ပြည်သူလူထု၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင်ပေးရန်၊ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်လျှင်မြန်စွာ တုန့်ပြန်နိုင်စေရန် ရည်ရွယ်၍ လူထုဗဟိုပြုစီမံကိန်းအား ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

လူထုဗဟိုပြုစီမံကိန်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင်ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ကွပ်ကဲ အကဲဖြတ်ခြင်းဖြင့် ရရှိလာသော ဖွံ့ဖြိုးမှုအသီးအပွင့်များကို တိုက်ရိုက်အကျိုးခံစားခွင့် ရစေမည့် ဖွံ့ဖြိုးရေး ချဉ်းကပ်မှု နည်းလမ်းဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီးတွင် လူထုဗဟိုပြုစီမံကိန်းကို ပြီးခဲ့သည့် နှစ်များတွင်  ထန်းတပင်၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကျောက်တန်းမြို့နယ်များကို ရွေးချယ်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်ရန်ကုန်တိုင်းဒေသကြီး အတွက် တစ်မြို့နယ် ထပ်မံရရှိထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.