ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၌ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ကိုင်ဆောင်ထားသူ တစ်ဦးအား အောက်တိုဘာ ၁၆ ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ အကြားယဉ်ကျေးမှု ဆိုင်ရာနှင့် ခရီးသွား ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ (MoU) ကို ယနေ့ နံနက်ပိုင်းတွင် သမ္မတ အိမ်တော်၌...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၃)မိုင် ခန့်အကွာတွင် အင်အား အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော်၌ တရားဝင်ချစ်ကြည်ရေးခရီး လည်ပတ်ရန် နီပေါ နိုင်ငံ သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်တွင် နီပေါလေကြောင်းလိုင်းဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) မိုးတွင်းကာလ တွင် ပြေးဆွဲမှုရပ်နားထားသည့် ရန်ကုန်မှ ရခိုင်ပြည်နယ်၊ မာန်အောင်သို့ပြေးဆွဲသည့် လေကြောင်းအားအောက်တိုဘာ ၁၆ ရက် မှ စတင်ပြီး ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် ကာတာနိုင်ငံ ဒိုဟာမြို့၌ တစ်ပတ်ကျော် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် နီပေါ၊ ကာဂျစ္စတန် လူငယ်လက်ရွေးစင်ဘောလုံးအသင်း၊ ကာတာကလပ်ဘောလုံးအသင်းတို့နှင့်ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ၁၂ ဘီးယာဉ်တစ်စီးသည် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် လမ်းဘယ်ဘက် ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကာ ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ၂၀၁၉ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုများ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စု (က) တွင် ပါဝင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တိုးပွားလာသော လူဦးရေအတွက် စားနပ်ရိက္ခာများ တိုးတက် ထုတ်လုပ်နိုင်အောင်ကြိုးပမ်းရင်းက ဘေးပင်းပြီး အာဟာရပြည့်ဝသော အစားအစာမျိုးစုံပိုမိုစားသုံးလာနိုင်ရေး အားလုံးက ကြိုးပမ်း ဆောင်ရွက်ကြရန် နိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဗန်ထီးယူက ယနေ့ တိုက်တွန်း ပြောကြားခဲ့ သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) အမြန်လမ်း၌ သီတင်းကျွတ် ရုံးပိတ်ရက် ကာလ ဖြစ်သည့် အောက်တိုဘာ ၁၀ ရက်မှ ၁၅ ရက် အထိ ယာဉ်မတော် တဆမှု ၂၆ မှု ဖြစ်ပွားကာ သေဆုံးသူ နှစ်ဦး ရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏...