Connect with us

Social

နိုင်ငံတော် တည်ဆောက် ပြုပြင်ပြောင်းလဲနေချိန်၌ ကိုယ်ကျိုးစွန့် အနစ်နာခံသူများ လိုအပ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် ဂုဏ်ပြု စကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

နိုင်ငံတော် တည်ဆောက်နေသည့် အချိန်၊ ပြုပြင်ပြောင်းလဲမှုများ များစွာ ပြုလုပ်နေသည့်အချိန်တွင် ကိုယ်ကျိုးစွန့်သူ၊ အနစ်နာခံသူများ များစွာ လိုအပ်ကြောင်း၊ ယခု ဆောင်ရွက်မှုသည် နိုင်ငံအတွက် စံနမူနာကောင်းများ ဖြစ်ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ ညနေပိုင်း၌ ဂုဏ်ပြုစကားပြောကြားရာတွင်ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝူဟန့်မြို့တွင် ရောက်ရှိနေသည့် ပညာတော်သင် မြန်မာ ကျောင်းသား ကျောင်းသူ များအား စေတနာ့ ဝန်ထမ်း Volunteer လုပ်ပြီး သွားရောက် ခေါ်ဆောင်ခဲ့ကြသည့် လေယာဉ်မှူးကြီး နှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုသော အခမ်းအနား၌ ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ် သည်။

“စေတနာ့ ဝန်ထမ်း Volunteer လုပ်ပြီး သွားခဲ့သူအားလုံးဟာ တကယ့် သူရဲကောင်းတွေပါပဲ၊ တကယ် တမ်း ဆိုရင် နိုင်ငံ့ ဂုဏ်ဆောင်သူတွေပါပဲ၊ အဆုံးသတ်အထိ အောင်အောင်မြင်မြင် အန္တရာယ် ကင်းကင်း ကျန်းကျန်းမာမာနဲ့ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီလေယာဉ်မှူးတွေ၊ လေယာဉ်မောင် တွေ၊ အင်ဂျင်နီယာတွေ၊ လိုက်ပါပေးကြသူတွေရဲ့ စေတနာကိုတော့ အများကြီး ချီးကျူးရမှာပါ၊ စီစဉ် ဆောင်ရွက်ပေးကြသူအားလုံးကိုလည်း ချီးကျူး ဂုဏ်ပြုရမှာ ဖြစ်ပါတယ်၊ ဒီလို ချီးကျူးစကား ပြောရုံ၊ ဂုဏ်ပြုမှတ်တမ်းပေးရုံ မပြီးသေးပါဘူး၊ ပိုပြီး ထိုက်ထိုက် တန်တန် ဂုဏ်ပြုရပါဦးမယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝူဟန့်မြို့က စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ နိုဗယ်ဗိုင်းရပ်စ် ၂၀၁၉ ကြောင့် ယနေ့နံနက်ပိုင်းအထိ ကူးစက်ခံရသူပေါင်း ၇၅၀၀၀ ကျော်၊ သေဆုံးသူ ၂၁၂၆ ဦး ရှိနေကြောင်း၊ ဗိုင်းရပ်စ်ကြောင့် ကူးစက်ရောဂါဖြစ်၍ ကမ္ဘာတစ်ဝှမ်းလုံးက လန့်ဖျပ်လျက်ရှိကြောင်း၊ ခရီးသွားလာရေး၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများသည်လည်း ဆုတ်ယုတ် ကျဆင်းမှုများ ရှိနေကြောင်း၊ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းသည်လည်း ထိခိုက်စ ပြုလာ ကြောင်း၊ ထိုသို့ ထိခိုက် ဆုတ်ယုတ်မှုများ မဖြစ်အောင် မိမိတို့နိုင်ငံ အနေဖြင့် လုပ်ဆောင်၍ မရသည့် အချက်များ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် လုပ်ဆောင်နိုင်သည်မှာ ကိုယ့်နိုင်ငံက အခြားနိုင်ငံသို့ ရောက်ရှိနေသူများကို တတ်နိုင်သမျှ မည်ကဲ့သို့ စောင့်ရှောက် မလဲ ဆိုသည့် အချက်ပင် ဖြစ်ကြောင်း၊ ယခုကဲ့ သို့ သွားရောက်ခေါ်ဆောင်သည့် လုပ်ငန်း အောင်မြင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကျန်းမာ ရေး ဝန်ကြီးဌာနနှင့် မိမိတို့ ပို့/ ဆက် ဝန်ကြီးဌာန၊ မြန်မာ့ လေ ကြောင်း တို့ တိုင်ပင်ပြီး ဆောင်ရွက်ခဲ့ ကြ ခြင်း ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ဂုဏ်ပြုခံ လေယာဉ်အဖွဲ့သားများ ကိုယ်စား လေယာဉ်မှူးကြီး ဦးခုပ်ခန့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် ယခုကဲ့သို့ Volunteer လုပ်ဖြစ်ရခြင်းမှာ ကျောင်းသူ ကျောင်းသားများ နှင့် ၎င်းတို့၏ မိဘများအပေါ် ကိုယ်ချင်းစာနာစိတ်ပေါ်ပေါက်လာခြင်းနှင့် နိုင်ငံသားစိတ်ဓာတ်အရ ဆောင်ရွက်လိုခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ ထိုသို့ သွားရောက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက် ပေး သည့် အဖွဲ့အစည်းအားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ယနေ့ ညနေပိုင်း ကျင်းပသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝူဟန့်မြို့ရှိ ပညာတော်သင် မြန်မာ ဝန်ထမ်းများအား COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် သွားရောက်ခေါ်ယူရာတွင် Myanmar National Airlines က စေတနာ့ ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်သည့် လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြုပွဲ အခမ်းအနားသို့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယ ဝန်ကြီးများ၊ အမှုဆောင် အရာရှိချုပ်နှင့် အမြဲတမ်းအတွင်းဝန်၊ စသည့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။ (Xinhua)

မြန်မာအမျိုးသား လေကြောင်း အမှုဆောင် အရာရှိချုပ် ဦးသန်းထွန်း ဂုဏ်ပြုစကား ပြောကြားစဉ် (ဆင်ဟွာ)
မြန်မာအမျိုးသား လေကြောင်း အမှုဆောင် အရာရှိချုပ် ဦးသန်းထွန်း ဂုဏ်ပြုစကား ပြောကြားစဉ် (ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က အမှုဆောင် အရာရှိချုပ် ဦးသန်းထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က အမှုဆောင် အရာရှိချုပ် ဦးသန်းထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်(ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်(ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က လေယာဉ်မှူးကြီး ဦးမျိုးလွင်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်(ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က လေယာဉ်မှူးကြီး ဦးမျိုးလွင်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်(ဆင်ဟွာ)
ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ဒုတိယ လေယာဉ်မှူးကြီး ဦးစံမင်းကျော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ဒုတိယ လေယာဉ်မှူးကြီး ဦးစံမင်းကျော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက အင်ဂျင်နီယာမှူးကြီး ဦးအောင်ချိုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက အင်ဂျင်နီယာမှူးကြီး ဦးအောင်ချိုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ဒုတိယ ဝန်ကြီး ဦးသာဦးက အင်ဂျင်နီယာမှူးကြီး ဦးအောင်ဇင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ဒုတိယ ဝန်ကြီး ဦးသာဦးက အင်ဂျင်နီယာမှူးကြီး ဦးအောင်ဇင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ဒုတိယ ဝန်ကြီး ဦးသာဦးက ဒုတိယ အထွေထွေ မန်နေဂျာ ဦးကျော်ဇေယျအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
ဒုတိယ ဝန်ကြီး ဦးသာဦးက ဒုတိယ အထွေထွေ မန်နေဂျာ ဦးကျော်ဇေယျအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က လက်ထောက်မန်နေဂျာ လေယာဉ်မောင် ဦးသန်းကျော်ဌေးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က လက်ထောက်မန်နေဂျာ လေယာဉ်မောင် ဦးသန်းကျော်ဌေးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က အကြီးတန်း လေယာဉ်မောင် ဦးဝဠာဝင့်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က အကြီးတန်း လေယာဉ်မောင် ဦးဝဠာဝင့်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက အကြီးတန်း လေယာဉ်မောင် ဦးရဲမြတ်အောင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက အကြီးတန်း လေယာဉ်မောင် ဦးရဲမြတ်အောင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက လေယာဉ်မောင် ဦးအာကာလင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်  (ဆင်ဟွာ)
အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက လေယာဉ်မောင် ဦးအာကာလင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.