ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) Miss Myanmar International 2019 Grand Final ပြိုင်ပွဲအား ယနေ့သြဂုတ် ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ အလှမယ် သရဖူ Winner ဆုအား ခါးနံပါတ် (၅)အလှမယ် ခင်ဥမ္မာမြင့်က ရရှိသွားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေသည့်အတွက် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့အကြံပြုချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ယခုနှစ် ခုနှစ်လတာ ကာလ အတွင်း ဖြစ်ပွားသူပေါင်း ၁၀,၇၅၇ ဦး ရှိပြီး သေဆုံးသူ ၄၈ ဦး ရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ယနေ့သတင်း ထုတ်ပြန်မှု အရ...
ရန်ကုန် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် သြဂုတ် ၁၃ရက်အထိ သေဆုံးသူ ၉၄ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၆၄ ဦးထိတိုးလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား ယနေ့ သြဂုတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်တွင် ငွေကျပ် ၆၉၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လျက်ရှိပြီး တစ်နိုင်လုံးအတိုင်းအတာဖြင့် မိုးကြီးနိုင်ကြောင်း၊ မုတ်သုံပိုမိုအားကောင်းနိုင်ကြောင်း၊ ယခုနှစ် ဇူလိုင်လ နှင့် သြဂုတ် တွင် မိုးလယ်မုတ်သုံအားကောင်းလျက်ရှိကာ ရာသီဥတုပြောင်းလာသည့် အတွက် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ပိုများလာကြောင်း၊ မိုးလေဝသ...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၅၉ဦးထိတိုးလာပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော တောင်ပြိုကျမှုကြောင့် ယနေ့သြဂုတ် ၁၁ ရက် နေ့လည်ပိုင်း အထိ သေဆုံးသူ ၅၁ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။