ရန်ကုန်၊ မေ ၂၆ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရား ထူထောင်ရန် ပြင်ဆင်လျက်ရှိပြီး နိုင်ငံတော်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုသည့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များအသုံးပြု၍ ထုတ်ယူနိုင်သကဲ့သို့ ဘဏ်ခွဲ ၂၈၁ ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဆောင်ရွက်လျက်ရှိသော ကြိုးကြာခေါင်းနီ ထိန်းသိမ်းရေးနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သုံးနှစ်အတွင်း မှတ်တမ်း တင်နိုင်မှု အကောင်ရေ ၂၀၀ ခန့် တိုးလာကြောင်း သိရသည်။
ရန်ကုန်၊မေ ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ မေလအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုးနှင့် အဖွဲ့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အခြေအနေများကို ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်များများအား ရှင်းလင်း ပြောကြား သည့် အခမ်းအနားကို နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး စင်တာ (NRPC:_ National Reconciliation...
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မေ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားသည် ပြည်သူလူထုအား ဖိနှိပ် ချုပ်ခြယ်သော အုပ်ချုပ်မှု ယန္တရား မဖြစ်စေလိုကြောင်း၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုကို ပေးသော အုပ်ချုပ်ရေး ယန္တရားသာ ဖြစ်စေလို ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ နံနက်...
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငွေကျပ် ၃၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ငွေကျပ် ၃၈၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှ အမျိုးသမီး ယူ၁၉ ချန်ပီယံရှစ် နောက်ဆုံးအဆင့် ဘောလုံးပွဲစဉ်များ AFC U19 Championship 2019 Thailand တွင်ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အုပ်စုနှင့် ပွဲစဉ်ဇယားထွက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်...
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အလိုက် အခြေခံပညာကျောင်းများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊ အဆင့်တိုးသည့် ကျောင်းပေါင်း ၂၅၂ ကျောင်းရှိမည်ဖြစ်ကြောင်း သိရသည်။