ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မင်းဘူး- အမ်းကားလမ်း ဘေးရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ မကြာမီ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၄၄/ဝနှင့် ၁၄၄/၁)ကြား၌ မေ ၁၈ ရက် နံနက်ပိုင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၁၈ ရက်(ဆင်ဟွာ) ၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲအား ယနေ့မေ ၁၈ ရက်တွင် ရန်ကုန်မြို့၌ စတင် ကျင်းပခဲ့ရာ ပြိုင်ပွဲ ပထမနေ့တွင် မြန်မာနိုင်ငံမှ ဆုတံဆိပ် အများဆုံး ရရှိထားကြောင်း...
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် ယနေ့ နံနက် ၁နာရီကျော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မကွေး-ရေနံချောင်းသွားလမ်း၊ ဒေါင်းနေချောင်းတံတားအနီးမိုင်တိုင်အမှတ် ၃၄၇/၀ တွင် မေ ၁၇ ရက်၊မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး လူ၂ဦးသေ၊ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄၀ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားထိပ်သီးကလပ် ပိုဟန်စတီးလားစ်အသင်း သည် မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဘောလုံးခြေစမ်းခရီးစဉ် လာရောက်မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းနှင့်အပါအဝင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းမည့် အာရှ ဖူဆယ်ကလပ်ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲအား မြန်မာနိုင်ငံမှ Victoria University College FC (VUC FC)အသင်းက ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၁၇ ရက်(ဆင်ဟွာ) တောင်သူများ နှင့် လုပ်ငန်းရှင်များအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန် ချေးငွေများ ရယူနိုင်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ၊ မြန်မာ့ လယ်ယာ...
နေပြည်တော်၊ မေ ၁၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်း၏ တရုတ် – မြန်မာ စီးပွားရေး စြင်္က ံရုံးကို နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Grand Aster Villa Office Building တွင် ယနေ့ နံနက် စတင်ဖွင့်လှစ်ခဲ့ရာ...