ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် ဇွန် ၂၀ ရက် မနက် ၁၁ နာရီခန့်က ကျပ် သိန်း၃၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) H1N1ရောဂါပိုးဖြစ်ပွားမှုမြင့်တက်သည့် မိုးဦးကျ ဇွန်လအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၆ ဦးအနက် ၆ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ခြောက်လသား ကလေးတစ်ဦးအပါအဝင် ငါးဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ယနေ့ နေ့လယ်၌ မီဒီယာသို့ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) နေပြည်တော် ၊ ပျဉ်းမနား မြို့နယ် အတွင်း ဇွန် ၁၉ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် H1N1ရောဂါပိုးကြောင့် သေဆုံးသူ ၃ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ရောဂါပိုးရှိသူလူနာ ၈ဦးရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အဖွဲ့ဝင်) ဒေါက်တာ သာထွန်းကျော်က ဆင်ဟွာသို့ ပြောကြားသည်။
နေပြည်တော်၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်ပြည့် မွေးနေ့ မင်္ဂလာ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ အိုင် -၁၂ (I – 12) အဆောင်တွင်...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက် အရ စုစုပေါင်းရငွေကျပ် ၇၇၂.၀၄၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းတင်ပြသည့်အပေါ်...
နေပြည်တော်၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန် မြစ်ကူးတံတား စီမံကိန်းသုံး ပစ္စည်းများ ဆုံးရှုံးမှုအတွက် IKBZ အာမခံ ကုမ္ပဏီက ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ ပြန်လည် အစားထိုး လျော်ကြေး ပေးအပ်သည့် အခမ်းအနားကို ယနေ့ ညနေပိုင်း၌ နေပြည်တော်၊ ဆောက်လုပ်ရေး ဝန်ကြီးရုံးတွင်...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ်တွင် ယနေ့ နံနက် ၅နာရီကျော်က YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူ၂ ဦး သေ၊၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သော မရမ်းကုန်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဇွန် ၁၈ရက်(ဆင်ဟွာ) တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများအား မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှ ထွန်းက ယနေ့ ပြောကြားသည်။