Connect with us

Politics, Law & Military

ဝင်ငွေခွန်နှုန်းထား လျှော့ချသည့် အခွန်ဥပဒေကြမ်း တင်သွင်း

ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားကို ပြင်ဆင် လျှော့ချလိုက်သည့် ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင် ဝင်းက တင်သွင်းခဲ့သည်။

“ဝင်ငွေခွန် နှုန်းထား လျှော့ချပေးခြင်းကို အခြေ ပစ္စည်း တစ်ရပ်ရပ်ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်း အသစ် တည်ထောင်ခြင်း၊ လုပ်ငန်း ထပ်မံ တိုးချဲ့ ခြင်း တို့အတွက် အသုံးပြုမည့် ငွေကြေးအပေါ်တွင်သာ ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်” ဟုလည်း ၂၀၁၉ ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေကြမ်း တင်သွင်းရာတွင် ဒုတိယ ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်း တင်ပြစဉ်။

အသစ်ပြင်ဆင်လိုက်သော အခွန်နှုန်းထားများမှာ (က) တစ်ကျပ်မှ ကျပ် သိန်းတစ်ထောင်အထိ သုံး ရာခိုင်နှုန်း၊ (ခ) ကျပ် သိန်းတစ်ထောင်အထက်မှ သိန်း သုံးထောင်အထိ ငါး ရာခိုင်နှုန်း၊ (ဂ) သိန်း သုံးထောင်အထက်မှ သိန်း သုံးသောင်းအထိ ၁၀ ရာခိုင်နှုန်း၊ (ဃ) ကျပ် သိန်း သုံးသောင်းအထက် ၃၀ ရာခိုင်နှုန်း တို့ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လက်ရှိ စီးပွားရေး အခြေအနေကို ပိုမို တိုးတက် ကောင်းမွန် လာစေရန် တွန်းအားပေး ဆောင်ရွက်သည့် အနေဖြင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှုများ တိုးမြင့်လာစေရန် အလို့ငှာ ပြည်သူအများ လက်ဝယ်ရှိ စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေများ ပြန်လည်ပေါ်ထွက်လာစေရန်အတွက် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်ဖော်ထုတ်တင်ပြသည့် ဝင်ငွေသည် တရားမဝင်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့မှ ရရှိသော ဝင်ငွေများနှင့် လည်း ကောင်း၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သည့် ကိစ္စများနှင့် လည်း ကောင်း သက်ဆိုင်မှု မရှိကြောင်းနှင့် အဆိုပါ ငွေကြေးများအတွက် သက်ဆိုင်ရာ ဥပဒေများအရသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

ယမန်နှစ် ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေခွန် နှုန်းထားများမှာ (က) ကျပ် သိန်း သုံးရာအထိ ၁၅ ရာခိုင်နှုန်း၊ (ခ) ကျပ် သိန်း သုံးရာ အထက်မှ သိန်း တစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း ၊ (ဃ) ကျပ် သိန်းတစ်ထောင်နှင့်အထက် ၃၀ ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.