ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် အထောက်အထားမဲ့နေထိုင်သူများကို နိုင်ငံတကာကဲ့သို့ နှစ်စဉ်စီမံချက်ဖြင့် ဆောင်ရွက်မှုမရှိသော်လည်း တရားမဝင် ဝင်ရောက်နေကြောင်း စိစစ်တွေ့ရှိချက်များအပေါ် နေ့စဉ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ လုပ်ငန်းများ မဆောင်ရွက်နိုင်သောကြောင့် ပြန်လည် အပ်နှံငွေ ကျပ် သန်း ငါးရာကျော် ရှိကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ယနေ့ ပြည်ထောင်စု လွှတ်တော်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာအလေးမပြိုင်ပွဲ (2nd EGAT’s King Cup Senior International Weightlifting Championship 2019) တွင် မြန်မာအားကစားသမားများ ကြေးတံဆိပ်သုံးခုဆွတ်ခူး...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) စည်းကမ်းညီညွတ်မှု မရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက ၁၄ သိန်းကျော်အား လုပ်ပိုင်ခွင့် ပြန်လည် သိမ်းဆည်းခဲ့ပြီး ဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှတ်တော် နှစ်ရပ်မှ အမတ်ဦးရေ တူညီစွာဖြင့် ဖွဲ ့စည်းသွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးတို့ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က ဖေဖော်ဝါရီ ၆ ရက်နေ့(နောက်တစ်နေ့ ) အစည်းအဝေး...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပါဝင်သော ပြည်ထောင်စု ကောင်းကျိုးဆောင် အမည်ရှိ နိုင်ငံရေး ပါတီ တစ်ရပ်အား...
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) အစိုးရဌာနများအတွင်း အဂတိလိုက်စားမှုများ ဆက်လက် မဖြစ်ပေါ်စေရေးအတွက် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဂယ်ပေါက်များကို စနစ်တကျ ပိတ်ဆို့ ထိန်းချုပ်ကြရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ့နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးရာတွင် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ယူနီကုဒ်စနစ်နှင့်ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၌ လက်နက်/ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။