Connect with us

Politics, Law & Military

ြ့ပည်သူကို ဖိနှိပ် ချုပ်ခြယ်သော အုပ်ချုပ်မှု ယန္တရား မဖြစ်စေလို

နိုင်ငံတော် သမ္မတနှင့် နေပြည်တော်ကောင်စီနယ်မြေ ၀န်ထမ်းများ တွေ့  ဆုံပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားသည် ပြည်သူလူထုအား ဖိနှိပ် ချုပ်ခြယ်သော အုပ်ချုပ်မှု ယန္တရား မဖြစ်စေလိုကြောင်း၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုကို ပေးသော အုပ်ချုပ်ရေး ယန္တရားသာ ဖြစ်စေလို ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ နံနက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကိုယ်နှိုက်က တရားမျှတမှု ၊ တရားဥပဒေ စိုးမိုးမှု ဒါတွေကို ကျင့်သုံးဖို့ လိုတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အုပ်ချုပ်ရေး ယန္တရားသည် တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပေးတဲ့ ယန္တရားပဲ ဖြစ်စေချင်တယ်။ ကျွန်တေ်ာတို့ လိုချင်တဲ့ အုပ်ချုပ်ရေး ယန္တရားသည် ပြည်သူကိုလွတ်လပ်မှု လုံခြုံမှု ပျော်ရွှင်မှု ပေးတဲ့ အုပ်ချုပ်ရေးစနစ်ပဲဖြစ်စေချင်တယ်။ ပြည်သူကို ဖိစီးနှိပ်စက်တဲ့ ပြည်သူကို ဖိနှိပ်ချုပ်ခြယ်တဲ့ အုပ်ချုပ်မှု ယန္တရား မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီနိုင်ငံ တည် ဆောက် ဖို့ ဆိုရင် ကျွန်တေ်ာတို့အားလုံးဟာ ပြုပြင် ပြောင်းလဲကြပါ။ အခုလို တွေ့ဆုံပွဲလုပ်ရတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင် ေြ့ပာင်းလဲမှု အရှိန် အဟုန်ကို ပိုမို တိုးမြှင့် စေလိုတဲ့ ရည်ရွယ်ချက် ကြောင့်ပဲ ဖြစ်ပါတယ်” ဟု နေပြည်တော် ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ယနေ့ ကျင်းပခဲ့သော နိုင်ငံတော် သမ္မတနှင့် နေပြည်တော် ကောင်စီနယ်မြေရှိ အစိုးရ ဝန်ထမ်းများ တွေ့ဆုံပွဲတွင် သမ္မတကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သမ္မတကြီးက “ဥပဒေပြုရေး ပိုင်းပဲ ဖြစ်ဖြစ် ၊ အုပ်ချုပ်ရေး ပိုင်းပဲဖြစ်ဖြစ် ရာထူး၊ ဂုဏ်သိမ် အရှိန်အဝါ ရှိရှိ မရှိရှိ တရားစီရင်ရေးက လွတ်လပ်တဲ့ တရားစီရင်ရေး၊ ဥပဒေနဲ့ အညီ မှန်မှန်ကန် ကန်နဲ့ တရားစီရင်ရေး ဖြစ်စေချင်တယ်။ ရာထူးဂုဏ်သိမ် အရှိန်အဝါရှိလို့ ၊ဟိုလူ စွက်ဖက်လို့၊ ဒီလူ စွက်ဖက်လို့ ၊ သူက ဒီလိုပြောလို့၊ ဒီလူက ဒီလိုပြောလို့ မဖြစ်စေချင်ဘူး ပြောချင်တာကတော့ ပြစ်မှု ဆိုင်ရာ ဥပဒေ ပြစ်မှု ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေ ၊ တရားရုံးလက်စွဲ စသဖြင့်ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ စသဖြင့် တရားစီရင်ရေးနဲ့ပတ်သတ်တဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်စေ ချင်တယ်။ တရားစီရင်ရေးနဲ့ ပတ်သက်ရင် ဥပဒေအတိုင်းနဲ့ အညီဆောင်ရွက်မှသာလျှင် ကိုယ့်တာ ကိုယ် လုံမယ်။ ဟိုလူပြောလို့ ဒီလူပြောလို့ ဥပဒေမဲ့လုပ်တယ်ဆိုရင် တိုင်လာလို့ရှိရင်တော့ ကျွန်တော် တို့က အမှန်တိုင်း ပြောတာ ဘယ်ကိစ္စမှ မဖုံးကွယ်ထားဘူး။ ဘယ်ကိစ္စမှလည်း ဝင်ပြီး တိုင်လာ လို့ ဆိုပြီး အကာအကွယ်မပေးဘူး ဥပဒေအတိုင်းပဲ” ဟုလည်း ပြောကြားခဲ့သည်။

တရားစီရင်ရေး ယန္တရားက တရား ဥပဒေစိုးမိုးမှု မရှိလျှင် ဒီမိုကရေစီ အုပ်ချုပ်ရေး မဖြစ်ဘဲ သာတူညီမျှ အခွင့်အရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ခက်ခဲသွားမည်ဖြစ်ကြောင်း၊ မိမိတို့ လိုလား သည့် တရားစီရင်ရေးသည် ဘက်မလိုက်သည့် တရားစီရင်ရေး မျက်နှာကြီးငယ်မလိုက်၊ ရာထူး ဂုဏ်သိမ် အရှိန်အဝါ မရွေး ဥပဒေ အတိုင်းပဲ ဖြစ်စေလိုကြောင်း၊ တရားဥပဒေစိုးမိုးမှုမ ရှိလျှင် ဒီမို ကရေစီနိုင်ငံ တည်ဆောက်၍ မရကြောင်း၊ ဒီမိုကရေစီဆောက်ရာတွင် တရားစီရင်ရေးက အခြေခံ အကျဆုံး ဖြစ်သည်ကို သတိပြုစေလိုကြောင်းလည်း သမ္မတကြီးက ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင် ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

ထို့အပြင် သမ္မတက “သမ္မတမို့လို့၊ ဝန်ကြီးချုပ်မို့လို့၊ ဝန်ကြီးမို့လို့ လွှတ်တော်ကိုယ်စားလှယ် မို့လို့၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမို့ လို့ စသည်ဖြင့် အခွင့်အရေးဆိုတာမျိုး ဥပဒေအထက်မှာ ယူဖို့ မဟုတ်ပါဘူး။ အားလုံးဟာ ဥပဒေနဲ့ အညီအမျှဖြစ်ရမှာ ဖြစ်ပါတယ်။ ဥပဒေရဲ့ရှေ့မှောက် ရောက်လာ ရင် အားလုံးအညီအမျှဖြစ်ရမယ်။ ဥပဒေ အထက်မှာ ဘယ်သူမှမရှိရဘူး။ နိုင်ငံသားကျတော့ ဥပဒေက တစ်မျိုး ၊ကျေးရွာသူကျေးရွာသားကျတော့ ဥပဒေက တစ်မျိုး၊ မြို့သူမြို့သားကျ တော့ ဥပဒေက တစ်မျိုး၊ မင်းရာဇာကျတော့ ဥပဒေက တစ်မျိုး၊ ကျွန်တော် အဲ့ဒါမျိုးတွေ မကြိုက်ဘူး” ဟုလည်း ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ နိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းပဲဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု သည် မိမိတို့နိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်ကို အားလုံး သဘော ပေါက်ဖို့လိုကြောင်း၊ ဘယ်နိုင်ငံမှာ မဆို၊ ဘယ်ခေတ်မှာမဆို၊ ဘယ်စနစ်မှာမဆို ပြုပြင် ပြောင်းလဲမှု မရှိဘဲ ဖွံ့ဖြိုးတိုးတက်လာတာ မရှိကြောင်း၊ ပြုပြင်ပြောင်းလဲမှုှရှိမှ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့ လိုချင်သည့် အုပ်ချုပ်ရေး၊ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေး ဖခင်ကြီး၊ တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ချမှတ်ခဲ့သည့် အုပ်ချုပ်ရေး ပုံစံမျိုးကို မိမိတို့ လိုလားကြောင်း၊ နိုင်ငံရေးအရ တရားမျှ တမှု၊ စီးပွားရေးအရ တရားမျှတမှု၊ လူမှုရေး အရ တရားမျှတမှု၊ တရားမျှတမှု ရှိသည့် အဖွဲ့အစည်းများ ဖြစ်စေလိုကြောင်း၊ လူ့အဖွဲ့အစည်း အသီး သီးမှာ တရား မျှတမှုရ ှိမှ ဒီမိုကရေစီအခြေခံအုတ်မြစ်က ခိုင်မြဲမှာဖြစ်ကြောင်း၊ လူအဖွဲ့အစည်း အသီးသီးက တရားမျှတမှုမရှိရင် ဒီမိုကရေစီ အုတ်မြစ်မခိုင်မြဲလျှင် မိမိတို့နိုင်ငံလည်း ငြိမ်းချမ်း သာယာဝပြောသည့် နိုင်ငံကိုရောက်ဖို့မလွယ်ကူကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တည် ဆောက်ဖို့ဆိုတာ ခေတ်ဟောင်း စနစ်ဟောင်းကနေ ခေတ် သစ် စနစ်သစ်ကို ပြောင်းလာခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပြောင်းလာသည့် အခါ လမ်းဟောင်းကနေ လမ်းသစ်ကိုထွင်ပြီး လုပ်ရမှာ ဖြစ်ကြောင်း၊ ယခင် အတွေးများ၊ အကြံအစည်များ၊ အကျင့်များ နှင့် ဆက်သွားပါက ပြုပြင် ပြောင်းလဲရာ မရောက်နိုင်ဘဲ ယခင်အတိုင်းပဲ ရှိနေမည် ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ဘယ်လောက် ပြုပြင်ပြောင်းလဲနိုင်ပြီလဲဆိုတာ မေးခွန်းမေးပြီး မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်မှ သူများကို ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်ကြောင်းလည်း သမ္မတကြီးက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ သို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စိုက် – မွေး – ဆည် ဝန်ကြီးဌာန၊ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ မှ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ နေပြည်တော် ကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင်များ အရာရှိ အရာခံများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပြီး နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်ကလည်း နေပြည်တော် ကောင်စီနယ်မြေ အတွင်း ပြုပြင် ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.