Connect with us

Politics, Law & Military

UN နှင့် နိုင်ငံတကာ အဖွဲ့များအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင်အရေး ရှင်းလင်း

Briefing on Peace Process and Rakhine State ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အခြေအနေများကို ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်များများအား ရှင်းလင်း ပြောကြား သည့် အခမ်းအနားကို နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး စင်တာ (NRPC:_ National Reconciliation and Peace Center) ၌ ယနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံ တော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူတို့က တက်ရောက်လာသော နိုင်ငံတကာ အဖွဲ့အစည်းများ သံတမန်များကို ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ဦးကျော်တင့်ဆွေနှင့် အမြဲတမ်း အတွင်းဝန် ဦးမြင့်သူတို့က ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

ထိုသို့ ရှင်းလင်း တင်ပြမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ သမ္မတရုံး ပြောရေး ဆိုခွင့်ရ ဦးဇော်ဌေးက “အထူးသဖြင့်ရခိုင်ကိစ္စနဲ့ပတ်သက်လို့ တာဝန်ယူ ဆောင်ရွက်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်တော်တို့ Bilateral Agreement ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ နောက်ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတဲ့ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Repatriation မှာ ပုူးတွဲ လုပ်ငန်းကော်မတီ အခြားWorking Group မှာခေါင်းဆောင်ဖြစ်တဲ့ ဦးမြင့်သူပေါ့။ သူတို့တွေ ကိုယ် တိုင် ပေါ်လစီပိုင်းအရ ဘယ်လို သဘောတူညီချက်တွေရှိ တယ်။ အကောင်အထည် ဖော်တဲ့ အခါမှာ ဘယ်လိုတွေလုပ်မယ်ဆိုတာ သဘောတူုညီချက်တွေရှိတယ်။ နောက် Joint Working Group Level မှာ ဘယ်လို လုပ်မလဲဆိုတဲ့ အကောင်အထည်ဖော်တဲ့ အောက်ခြေအထိ လုပ်တဲ့ အနေအထားတွေ ကို ရှင်းပြတာဖြစ်ပါတယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေး ဖြေကြားနေစဉ် (ဆင်ဟွာ)


တက်ရောက်လာသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်များကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ရှင်းလင်းရာတွင် လက်တွေ့အပြင်တွင် EAO ခေါင်းဆောင်အချို့မီဒီယာများတွင် ပြောဆိုနေ သည့် ကိစ္စရပ်များနှင့်လက်တွေ့ဆောင်ရွက်နေမှုအနေအထားများ၊ ရခိုင်ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ၊ သဘောတူညီမှုများနှင့် ကုလသမဂ္ဂက UNDP နှင့်UNHCR ပါဝင်မှု အခန်းကဏ္ဍများ၊ သဘောတူညီချက်များအား ရှင်းပြ၍ မြန်မာဘက်က လုပ်ဆောင်နေသည့် အနေအထား၊ ဘင်္ဂလား ဒေ့ရှ် ဘက်က ပျက်ကွက်သည့် အနေအထားများကို အသေးစိတ် ရှင်းပြခြင်းဖြစ်ကြောင်းလည်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ဦးဇော်ဌေးက ပြောကြားခဲ့ သည်။

“သံတမန်အသိုင်းအဝိုင်းရယ်၊ ကုလသမဂ္ဂအေဂျင်စီတွေရယ်၊ နောက်ဒီမှာလည်း လွတ်လပ်သော ICOE လွတ် လပ် သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေလည်းဖိတ်ထားတယ်။ အထူးသဖြင့် စိတ်ဝင်စားမှုရှိ တဲ့သူတွေ အားလုံး တက်ရောက်တာတွေ့ရတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်၊ ခက်ခဲတဲ့ မေးခွန်း တွေ ရှိရင် လည်းမေးဖို့ ဖိတ်ခေါ်ထားတာရှိတယ်။ သတင်းမီဒီယာ တွေမှာ တွေ့တာတွေ သူတို့ထင်ထားတာတွေ မှန်မမှန်ပေါ့၊ ဒါတွေလည်း ကျွန်တော်တို့ ပြန်လည်ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ပြောချင်ပါတယ်” ဟု ဦးဇော်ဌေးက ဖြည့်စွက် ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး ဖြစ်စဉ်များ၌ လက်တွေ့ အပြင်မှာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)အကြား EAOs Summit များတွင် EAO ခေါင်းဆောင် တစ်ချို့ က မီဒီယာများ၌ ပြောဆိုနေသည်များနှင့် ပတ်သက်ပြီး လက်တွေ့ အနေအထားနှင့် အစိုးရ ၏ လုပ်ဆောင်ချက်များကို ရှင်းပြခြင်း ဖြစ်ကြောင်း၊ ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ ပြန်လည် လက်ခံ ရေး (Repatriation) လုပ်ငန်းစဉ်တွင် ဘင်္ဂလားဒေ့ရှ် – မြန်မာ နှစ်နိုင်ငံ ရေးထိုးထားသည့် Bilateral Agreementကို မြန်မာအစိုးရဘက်မှပျက်ကွက်ခဲ့ခြင်းမရှိကြောင်း၊ Repatriation လုပ်ငန်းများ နှောင့် နှေးနေခြင်းမှာ ဘယ်သူ့ကြောင့်၊ ဘယ်နေရာမှာ နှေးနေရခြင်း ဖြစ်သနည်းကို သိသာစေ ကြောင်း၊ မြန်မာနိုင်ငံ ဘက်က Bilateral Agreement အရ ပျက်ကွက်ခြင်း မရှိကြောင်း၊ စသည့် အချက်များကို အခြေအနေမှန် အတိုင်း နိုင်ငံတကာ အဖွဲ့အစည်းများ သိရှိလာအောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရ သည်။(Xinhua)