Connect with us

Social

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရား ထူထောင်ရန် ပြင်ဆင်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဆို

အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေပွဲဖိုရမ်ကျင်းပစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၂၆ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရား ထူထောင်ရန် ပြင်ဆင်လျက်ရှိပြီး နိုင်ငံတော်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုသည့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် မေလ၂၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည့် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရကိုယ်စားလှယ်များပါဝင်သည့် (၁၃) ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက် ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်မလို့ပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးက အသိအမှတ်ပြုအောင် နိုင်ငံတော်အနေနဲ့ အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တိုင်ကြားမှုယန္တရားကို ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ အခြားသော ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီး ဘယ်လိုပုံစံ မျိုးလုပ်မယ် ဆိုတာကို အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ မူတည်ပြီးရေးဆွဲထားပါတယ်။ ” ဟုပြောသည်။

အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားတွင် အစိုးရ ဝန်ကြီးဌာနများအားလုံး ပါဝင်ပြီး အဆိုပါယန္တရားတွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်နိုင်ရေး အတွက်လည်း ပြည်ထောင်စုဝန်ကြီးအား အကြံပြုထားသည်ဟုမြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)ဥက္ကဋ္ဌဦးမောင်မောင် က ပြောကြား သည်။

အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားတွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များ ပါဝင်လာနိုင်ရေးအတွက် အစိုးရအနေဖြင့် မူအားဖြင့် သဘောတူထားပြီး နောင်တစ်ချိန်တွင် ပူပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အဓမ္မခိုင်းစေမှုမျိုး မရောက်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ရှိသူများအား သင်တန်းများပို့ချ သင်ကြားပေးနေကြောင်း ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)၏ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးကဖြေကြားသည်။

မြန်မာနိုင်ငံသည်၂၀၁၃ ခုနှစ်ကတည်းက ILO ၏ ပြဌာန်းချက် (၃)ခု (C182, MLC2006 နှင့် C185) ကိုလည်းကောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ပြဌာန်းချက် (CRC) ၊ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုအားလုံးပပျောက်ရေး သဘောတူစာချုပ် (CEDAW) နှင့် အပြည်ပြည်ဆိုင်ရာ စီးပွာရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးများပဋိညာဉ် (International, Social and Cultural Right-ICESCR) တို့ကိုလည်းကောင်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.