Connect with us

Social

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် သုံးနှစ်အတွင်းကြိုးကြာခေါင်းနီအကောင်ရေ ၂၀၀ခန့်မှတ်တမ်းတင်နိုင်မှုတိုးလာ

ကြိုးကြာခေါင်းနီတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဆောင်ရွက်လျက်ရှိသော ကြိုးကြာခေါင်းနီ ထိန်းသိမ်းရေးနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သုံးနှစ်အတွင်း မှတ်တမ်း တင်နိုင်မှု အကောင်ရေ ၂၀၀ ခန့် တိုးလာကြောင်း သိရသည်။

ကြိုးကြာ ထိန်းသိမ်းရေးသုတေသနများကို ၂၀၁၆ ခုနှစ်မှ စတင်၍ လုပ်ဆောင်လာခဲ့ရာ ထိုနှစ်တွင် ၃၃ သိုက်၊ ၂၀၁၇ ခုနှစ်တွင် ၁၃၈ သိုက်နှင့် ၂၀၁၈ ခုနှစ်တွင် ၁၈၄ သိုက်တို့ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး သုတေသနပြုလုပ်ချက် များအရ တစ်နှစ်ထက်တစ်နှစ် ပိုမို အောင်မြင်လာ လျက်ရှိကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်မှ ငှက်ပညာရှင်ဦးသက်ဇော်နိုင်က ပြောသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ၂၀၁၆ ခုနှစ်တွင် အကောင်ရေ ၄၀၀ ခန့်သာ မှတ်တမ်းရရှိခဲ့ရာ ၂၀၁၉ ခုနှစ် တွင် အကောင်ရေ ၆၀၀ ကျော် မှတ်တမ်းရရှိခဲ့ခြင်းဖြစကြောင်းသိရသည်။

မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ဖြစ်သည့် ကြိုးကြာ ခေါင်းနီကို သစ်တောဦးစီးဌာန၊ မိန်းမလှကျွန်း တောရိုင်း တိစ္ဆာန်ဘေးမဲ့တော၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)တို့ ပူးပေါင်း၍ ဝါးခယ်မ မြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် အိမ်မဲမြို့နယ်တို့တွင် ကြိုးကြာ ခေါင်းနီ ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.