ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) လွယ်လင်ခရိုင် ကွန်ဟိန်းတွင် ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၅ဝ,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၁၅ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၆,၅၄၇ဦး နှင့် ပြည်တွင်းအလုပ်နေရာ ၁၃,၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များမှ ထုတ်ချေးသော ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်း(Lending Rates) များကို ယနေ့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ် ၊ နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ် ၊ ရှမ်းပြည်နယ် (အရှေ့) ကျိုင်းတုံ မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆောင်းအစေ့ထုတ် ပြောင်းသီးနှံ စိုက်ခင်း များတွင် ကျရောက် သော ငမြှောင်တောင်ပိုးမှာ...
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ ဦးဝင်းမြင့်က ယနေ့ကျရောက်သော (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ ဆီဘောက်ဆာယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသား ၃ ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည် ၈ တောင့်နှင့် လိုင်စင်မဲ့ယာဉ် ၁ စီးဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက် အနည်းငယ် မြင့်တက်လျက်ရှိသဖြင့် အား အနည်းငယ်ရှိသော အယ်နီညိုဖြစ်စဉ်သို့ ရောက်ရှိလျက်ရှိကြောင်း မိုးလေဝသ...
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ဘေးဒုက္ခခံစားနေရသော ရခိုင်တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ အား လူမှု ဝန်ထမ်း ၊ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့မှုများအား ဇန်နဝါရီ ၁၁ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ၊ မူဆယ် မြို့နယ် အတွင်း မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၂၆၅/၅-၆)၌ ဇန်နဝါရီ ၁၁ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ လူ ၄ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း...