Connect with us

Politics, Law & Military

သတင်းအချက်အလက် ပေးခြင်းကို အစွမ်းကုန် ဆောင်ရွက်ရန် ဝန်ကြီးဌာနများအား မေတ္တာရပ်ခံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး အဖွင့်စကား ပြောကြားစဉ်။

နေပြည်တော်၊ မေ ၇ ရက်(ဆင်ဟွာ)

ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ သတင်းအချက်အလက်များကို အများပြည်သူ သိရှိစေရေးအတွက် တတ်နိုင်သမျှ ပေးကြရန်၊ ဖြစ်နိုင်လျှင် မိမိတို့၏ website တွင် ဘာသာရပ် အမျိုးမျိုးဖြင့် အသိပေး ခြင်းများ အတတ်နိုင်ဆုံး ဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ယနေ့ ပြောကြားခဲ့သည်။

“စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ အဆင်ပြေချောမွေ့ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန တစ်ခုနဲ့ တစ်ခု ပူးပေါင်း ဆောင်ရွက်မှု၊ သဟဇာတ လိုက်လျောညီထွေ ဆောင်ရွက်နိုင်မှု၊ စည်းဝါးကိုက် ဆောင်ရွက်နိုင်မှုတွေမှာ အားကောင်းဖို့လည်း လိုအပ်ပါတယ်” ဟု နေပြည်တော် Park Royal Hotel တွင် ယနေ့ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ၎င်းက တက်ရောက်လာသော ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားခဲ့သည်။

The DaNa Facility မှ Senior Technical Adviser Mr. Peter Brimble အမှာစကား ပြောကြားစဉ်။

ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်။

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြစဉ်။

နိုင်ငံတစ်နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသူတို့၏ အဓိက စိတ်ပူပန်မှုှ နှစ်ချက်မှာ နိုင်ငံရေး မတည်ငြိမ်မှု (political unstability) နှင့် မူဝါဒ မသေချာမှု(policy uncertainty) တို့ဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့် ပထမအချက်ကို မဆောင်ရွက်နိုင်သော်လည်း ဒုတိယအချက် (policy certainty) ကိုမူ ဆောင်ရွက်ပေးနိုင်ကြောင်း၊ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူတို့၏ စိုးရိမ်စိတ်ကို လျှော့ချပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်က စီးပွားရေး မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းထားပြီးဖြစ်ရာ အဆိုပါ ဥပဒေ၊ နည်းဥပဒေများ အသက်ဝင်လာရေး၊ အကောင် အထည်ဖော် ရေးအတွက် ဝန်ကြီးဌာနများက ဆောင်ရွက်ပေးနိုင်ကြောင်း၊ ပြဌာန်းအတည်ပြုထားသည့် ဥပဒေ နည်းဥပဒေများမှာ အဆင့်များ မပါဝင်သော်လည်း လက်တွေ့ မြေပြင်၌ မလိုလားအပ်သည့် အဆင့်များ ရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာရေးအတွက် ထိုအဆင့်များကို လျှော့ချပြီး ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံလို သူများအား နွေးထွေးပျုငှာ ဆက်ဆံကာ ၎င်းတို့၏ လုပ်ငန်းစဉ်များ လျင်မြန်လွယ်ကူ ချောမွေ့သည်အထိ ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး၊ နိုင်ငံ့ စီးပွားဖွံ့ဖြိုးလာရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ DaNa Facility, DICA နှင့် UKaid တို့ ပူးပေါင်း ကျင်းပပြီး ဆက်စပ် ဝန်ကြီးဌာနပေါင်း ၁၇ ခု ပါဝင်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ Myanmar Investment context, Understanding the Fundamentals of FDI and how investors make decisions, Investment Facilitation to seal the foreign investment deal, Strengthening the State and Region Business Environments, Myanmar’s Financial Inclusion Roadmap, Responsible and Inclusive Business in Myanmar, Strengthening PSD Policy Coordination Mechanism စသည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.