Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ရှိ မြို့နယ်တစ်ချို့ နှင့် ကျေးရွာတစ်ချို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ အမိုးလန် ပျက်စီး

ပဲခူးတိုင်းဒေသကြီးမင်းလှမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ရှိ မြို့နယ်တစ်ချို့ နှင့် ကျေးရွာတစ်ချို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက် ၁၉း၃၀ နာရီ မှ ၁၉း၄၅ နာရီ အထိ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ငှက်ကြီးသိုက်ကျေးရွာပါ ၁၁ ရွာတို့၌ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နေအိမ် ၁၃၇ လုံး အမိုးလန်ပျက်စီးဆုံရှုံးခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၆ ရက် ၁၂း၃၀ နာရီ မှ ၂၁း၄၅ နာရီ အထိ တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သရက်ပင်ကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နေအိမ် ၁၀ လုံး၊ စာသင်ကျောင်း ၁ ကျောင်းအမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

အလားတူ ၁၅း၃၀ အချိန်မှ ၁၆း၃၀ အချိန်ထိ လက်ပံတန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှု ကြောင့် ခမုံကျေးရွာပါ ၄ ရွာတို့၌ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၃၆ လုံး အမိုးလန်၊ နေအိမ် ၁၀ လုံး၊ ဆန်စက် ၂ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ ၁၅း၃၀ အချိန်မှ ၁၆း၃၀ အချိန်ထိ မိုးညိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှု ကြောင့် ရွှေဥဒေါင်းရပ်ကွက်ပါ ၄ ရပ်ကွက်နှင့် သက်ရက်ကုန်းကျေးရွာပါ ၄၃ ရွာတို့၌ ဘုန်းကြီး ကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၄ ကျောင်း၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၃၂၈ လုံး အမိုးလန်၊ နေအိမ် ၄၂ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အလားတူ ၁ရး၄၅ အချိန်မှ ၁ရး၅၅ အချိန်ထိ ရွှေတောင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ် မှုကြောင့် ကျီးသဲကျေးရွာပါ ၈ ရွာတို့၌ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နေအိမ် ၁၄ လုံး အမိုးလန်၊ နေအိမ် ၃ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၁ရး၅၀ အချိန်မှ ၁၈း၀၀ အချိန်ထိ ပန်းတောင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှု ကြောင့် စည်သာရပ်ကွက်၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၀ လုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊၁၈း၂၀ အချိန်မှ ၁၉း၁၀ အချိန်ထိ အုတ်တွင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် တင်းကုတ္တန်းကျေးရွာပါ ၄ ရွာတို့၌ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နေအိမ် ၃ လုံး၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခု အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.