ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၉,၃၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ဖယ်ခုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၉ ဧက အား ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရှိ ရန်ကုန်ကလေးဆေး ရုံကြီးတွင် ကလေးနာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသူ ကလေးလူနာနှစ်ဦးအား ဆွေမျိုးတို့၏ ကျောက်ကပ်တစ်ခြမ်းစီဖြင့် အစားထိုးကုသမှုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဧရာဝတီ တိုင်းဒေသကြီး အင်္ဂပူမြို့နယ် အတွင်း သစ်များ တင်ဆောင်လာသည့် Faw ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် သစ်သားတံတား တစ်စင်းပေါ်သို့ဖြတ်သန်းစဉ် တံတားကျိုး၍ ချောင်းအတွင်းသို့ ထိုးကျသွားခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ၆ ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဗဟို ကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေးအား ယနေ့တွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကျပ် သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) အစိုးရအနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုးမြှင့်ခံစားခွင့်ပြုထားပြီး လက်ရှိတွင် တိုးမြှင့်ပင်စင်ထုတ်ယူရန် လူ ၂သိန်းခန့် ကျန်ရှိနေကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန် လေယာဉ်ကွင်းတည်ဆောက်မှုတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာ နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ တတိယအကြိမ်အဖြစ် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပခဲ့သည့် National Sport Seminar ၏ ရလဒ်များအတိုင်း အမြန်ဆုံး ဆောင်ရွက်ရန်အရေးကြီးကြောင်း နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။