Connect with us

Politics, Law & Military

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အဆင့်မြင့် ရဲအရာရှိကြီးများ (၆)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အဆင့်မြင့် ရဲအရာရှိကြီးများ (၆)ကြိမ်မြောက် အစည်းအဝေး ကျင်းပနေစဉ်။

နေပြည်တော်၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အဆင့်မြင့် ရဲအရာရှိကြီးများ၏ (၆)ကြိမ်မြောက် အစည်းအဝေး ကို နေပြည်တော် Royal ACE Hotel တွင် ယနေ့ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ကိုယ်စားလှယ် ၁၇ ဦး၊ အလားတူ ဘင်္ဂလားဒေ့ရှ်ဘက်မှ ၁၂ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအစတွင် ရဲဦးစီးဌာနကြီးမှ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းက “နှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိတဲ့ ကိစ္စရပ်တွေကို နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်းပြီး ချစ်ခင်ရင်းနှီးစွာ ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ဒီလို ဖြေရှင်းဆောင်ရွက်ရာမှာ နှစ်ဘက် အပြန်အလှန် နားလည်မှု၊ ဓမ္မဓိဌာန်ကျကျ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှု နဲ့ နှစ်နိုင်ငံ သဘောတူ ညီချက်များအပေါ် လေးစားလိုက်နာမှုတို့ဟာ အဓိကကျတဲ့ အချက်တွေ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခု အစည်းအဝေးကို နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မြဲစေရန်နှင့် နှစ်နိုင်ငံ နယ်စပ်အတွင်း ဖြစ်ပေါ်နေသည့် ပြသနာများကို ရင်းနှီး ပွင့်လင်းစွာ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများဖြင့် ဖြေရှင်းနိုင်ဖို့၊ နှစ်နိုင်ငံ ပြည်သူများအတွက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကို လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ARSA အကြမ်းဖက်အုပ်စု နဲ့ အကြမ်းဖက် သမားများက မိမိတို့ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုနှင့် ယုံကြည်မှုတို့ကို ထိခိုက်စေသော ကိစ္စရပ် များ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်သူများအတွက် စဉ်ဆက်မပြတ် သည့် လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်မှု၊ အသိုက် အဝန်းများ အကြား သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည် ရရှိစေဖို့အတွက် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရာမှာ အတူတကွ လက်တွဲ ပူးပေါင်းဆောင်ရွက် သွားစေလိုပါကြောင်းလည်း ရဲမှူးချုပ်က ပြောကြားခဲ့သည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ်။

ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲဦးစီးဌာနကြီးမှ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးသန်း အမှာစကား ပြောကြားစဉ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Maj. Gen. Md Shafeenul Islam အမှာစကား ပြောကြားစဉ်။

အလားတူ ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်မှ နယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Maj. Gen. Md Shafeenul Islam ဦးဆောင်သော ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင် ၁၂ ဦးတို့ တက်ရောက် ခဲ့ကြပြီး … Maj. Gen. Md Shafeenul Islam က “ အခုလို တစ်ကြိမ်ပြီး တစ်ကြိမ် တွေ့ဆုံ ဆွေးနွေး မှု တွေဟာ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုပြီး အားကောင်းလာ စေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒီနေ့အစည်းအဝေးရဲ့ ရလဒ်တွေကနေ လက်တွေ့ဆောင် တဲ့ ပူးေပေါင်းဆောင်ရွက်မှုတွေကို အောက်ခြေအထိ ရောက်အောင် ဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဘက်သို့ မူးယစ်ဆေးဝါး ဝင်ရောက်မှု၊ အထူး သဖြင့် ယာဘ ဝင်ရောက်မှုသည် ပိုပြီးများပြားလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ် လူ့အဖွဲ့အစည်းအတွင်း အချက် ပေးသည့် အနေအထားသို့ ရောက်ရှိနေကြောင်း၊ နောင်လာမည့် မျိုးဆက်သစ်များအား မူးယစ် ဆေးဝါး အန္တရာယ်မှ ကာကွယ်ပေးနိုင်ရေးအတွက် အဆွေတော်တို့ ဘက်က ကူညီမည်ဟု ယုံကြည် ပါကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များအပေါ် ထောက်ခံ အားပေးပါကြောင်း လည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ရဲဦးစီးဌာနကြီးမှ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးသန်း၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးမှ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်၊ အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှ ကွပ်ကဲရေးမှူးရဲမှူးချုပ် မြင့်တိုး၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်၊ ရေကြောင်းတပိဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ် နေမိုးသက်၊ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဗိုလ်မှူးကြီး မျိုးထွဋ် တို့အပါအဝင် လုံခြုံရေး၊ ထောက်လှမ်းရေး၊ မှုခင်း၊ သတင်းရဲတပ်ဖွဲ့ တို့မှ ရဲမှူးကြီးများ၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး တို့မှ ညွှန်ကြားရေးမှူးများနှင့် မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး၊ – စုစုပေါင်း ၁၇ ဦးတို့တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.