Connect with us

Social

၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏လူဦးရေမှာ ၅၄ .၁၀ သန်း ပြည်သူ့အင်အားဦးစီးဌာနထုတ်ပြန်

သန်းခေါင်စာရင်း နှင့် ပတ်သက်၍ အောင်မြင်ပြီးမြောက်ခြင်းအထိမ်းအမှတ်အခမ်းအနားတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်သူ့အင်အားဦးစီးဌာန)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏လူဦးရေမှာ ၅၄ .၁၀ သန်း ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နေ့ရက်တွင်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်း လူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် ကျား (၉၇၈,၂၂၄)၊ မ (၉၀၃,၁၃၈) စုစုပေါင်း (၁၈၈,၁၃၆၂)၊ ကယားပြည်နယ်တွင် ကျား (၁၅၉,၁၂၁)၊ မ (၁၆၁,၀၉၅) စုစုပေါင်း (၃၂၀,၂၁၆)၊ ကရင်ပြည်နယ်တွင် ကျား (၇၈၃,၇၁၆)၊ မ (၈၂၁,၉၈၁) စုစုပေါင်း (၁,၆၀၅,၆၉၇)၊ ချင်းပြည်နယ်တွင် ကျား (၂၄၆,၈၉၇)၊ မ (၂၆၉,၈၅၅) စုစုပေါင်း (၅၁၆,၇၅၂)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျား (၂,၆၁၅,၉၃၆)၊ မ (၂,၉၃၄,၄၅၃) စုစုပေါင်း (၅,၅၅၀,၃၈၉)၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျား (၇၃၃,၃၀၆)၊ မ (၇၄၅,၇၈၀) စုစုပေါင်း (၁,၄၇၉,၀၈၆)၊ ပဲခူးတိုင်းဒေသကြီးတွင် ကျား (၂,၃၃၉,၆၁၈)၊ မ (၂,၅၉၄,၈၁၀) စုစုပေါင်း (၄,၉၃၄,၄၂၈)၊ မကွေးတိုင်းဒေသကြီးတွင် ကျား (၁,၈၀၇,၁၄၅)၊ မ (၂,၁၃၀,၁၃၃) စုစုပေါင်း (၃,၉၃၇,၂၇၈)၊ မန္တလေးတိုင်းဒေသကြီးတွင် ကျား (၃,၀၅၇,၅၆၅)၊ မ (၃,၄၂၀,၁၇၅) စုစုပေါင်း (၆,၄၇၇,၇၄၀)၊ မွန်ပြည်နယ်တွင် ကျား (၉၄၃,၆၀၉)၊ မ(၁,၀၅၁,၄၅၉) စုစုပေါင်း (၁,၉၉၅,၀၆၈)၊ ရခိုင်ပြည်နယ်တွင် ကျား (၁,၅၈၂,၀၃၄)၊ မ (၁,၇၄၃,၀၈၂) စုစုပေါင်း (၃,၃၂၅,၁၁၆)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျား (၃,၈၈၇,၄၄၉)၊ မ (၄,၃၁၆,၃၈၃) စုစုပေါင်း (၈,၂၀၃,၈၃၂)၊ ရှမ်းပြည်နယ်တွင် ကျား (၃,၁၅၆,၁၆၆)၊ မ (၃,၁၇၆,၀၂၂) စုစုပေါင်း (၆,၃၃၂,၁၈၈)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျား (၃,၀၄၂,၈၁၄)၊ မ (၃,၂၃၀,၀၉၉) စုစုပေါင်း (၆,၂၇၂,၉၁၃)၊ နေပြည်တော်ကောင်စီ နယ်မြေတွင် ကျား (၆၁၅,၂၈၉)၊ မ (၆၅၃,၈၉၉) စုစုပေါင်း (၁,၂၆၉,၁၈၈)ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေမှာ ကျား (၂၅,၉၄၈,၈၈၉)၊ မ (၂၈,၁၅၂,၃၆၄) စုစုပေါင်း (၅၄,၁၀၁,၂၅၃)ဦးဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.