Connect with us

Culture & Entertainment

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန် တွင် ပထမအကြိမ်အင်းလေးရေပေါ်သြင်္ကန်ပွဲတော်ကျင်းပမည်

အင်းလေးကန်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ပထမအကြိမ်အင်းလေးရေပေါ်သြင်္ကန်ပွဲတော် ၂၀၁၉ ကို သြင်္ကန်အကြိုနေ့ ဧပြီ(၁၃)ရက် မှ နှစ်ဆန်းတစ်ရက် ဧပြီ (၁၇) ရက် အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာ၊ နန်းပန်ဈေး အနီးရှိ Inle Cultural Heritage Trust Complex ရှေ့ အင်းလေးကန်ရေပြင်၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ပထမအကြိမ်အင်းလေးရေပေါ်သြင်္ကန်ပွဲတော် ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု Miss Innlay Organization ၏ စီစဉ်မှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေပေါ်သြင်္ကန်ပွဲတော်တွင် အင်းလေးကန်ရေပြင်ပေါ်၌ လှေသမ္ဗန်များ၊ ဖောင်များဖြင့် အတာရေစင် ပက်ဖျန်းကြမည့် ပျော်ရွှင်ကြည်နူးဖွယ်ရာ ရေပေါ်သြင်္ကန်ပွဲ၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက် ကြမည့် ရေပေါ် တေးဂီတဖျော်ဖြေပွဲ၊ မြန်မာ့ရိုးရာအတာသြင်္ကန်ယိမ်းအကအလှများနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ အစီအစဉ် များ၊ အင်းလေးဒေသကိုယ်စားပြု Mister & Miss Innlay 2019 ရွေးချယ်ပွဲ၊ သံဃာအပါး (၁၀၀၀) ကြွရောက် ချီးမြှင့်အလှူခံမည့် နှစ်ဦးရေပေါ်ဆွမ်းလောင်းပွဲ၊ နှစ်ဦးရေပေါ် ဓမ္မသဘင်စသည့် အစီအစဉ်များကို မဟာသြင်္ကန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့် မြန်မာ့နှစ်သစ်ကူး မဟာြင်္ကန်ပွဲတော်ကာလအတွင်း အင်းလေးဒေသ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် အင်းလေးရေပေါ်သြင်္ကန်ပွဲတော် ၂၀၁၉ သို့ ပျော်ရွှင်စွာပါ ဝင်ဆင်နွှဲနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.