Connect with us

Social

သြင်္ကန် ပွဲတော် ကာလ အတွင်း YBS ယာဉ်လိုင်းများ ၊ အဝေးပြေး ယာဉ်လိုင်းများ ၊ ရန်ကုန် မြို့ပတ် ရထား နှင့် အထူး ရထား ပြေးဆွဲမည့် အစီအစဉ်များ အသိပေး ကြေညာ

၂၀၁၈ ခုနှစ် သင်္ကြန် ပွဲတော် ကာလ အတွင်း ရေကစားကြသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသြင်္ကန် ပွဲတော် ကာလ အတွင်း YBS ယာဉ်လိုင်းများ ၊ အဝေးပြေး ယာဉ်လိုင်းများ ၊ ရန်ကုန် မြို့ပတ် ရထား နှင့် အထူး ရထား ပြေးဆွဲမည့် အစီအစဉ်များအား ရန်ကုန် တိုင်းဒေသကြီး မြန်မာ့ ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ပွဲတော် ပို့ဆောင်ရေး လုပ်ငန်း ကော်မတီမှ ယနေ့တွင် အသိပေး ကြေညာခဲ့သည်။

ရန်ကုန်မြို့နေ ပြည်သူများ သွားလာမှု အဆင်ပြေစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့စီမံမှုဖြင့် ရန်ကုန်မြို့တွင်း YBS ခရီးသည်တင်ယာဉ်လိုင်း ၇၃ လိုင်း ၊ ယာဉ်စီးရေ ၉၇၃ စီး ပုံမှန် ပြေးဆွဲ လမ်းကြောင်း အတိုင်း သတ်မှတ် ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားဝင်းမှ ပြေးဆွဲလျက်ရှိသည့် အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်လိုင်းများသည် ဧပြီ ၈ ရက်အထိ ပုံမှန်ပြေးဆွဲပြီး ဧပြီ ၉ ရက်မှ ၁၆ ရက် အထိ အလှည့်ကျရပ်နားခြင်း၊ ပြေးဆွဲခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားဝင်း မှ ရန်ကုန်တိုင်းဒေသကြီးအခြေပြုယာဉ် လိုင်း ၈ လိုင်း ၊ အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်အခြေပြုယာဉ်လိုင်း ၆ လိုင်း၊ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားဝင်းမှ ရန်ကုန် တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း ၁ လိုင်း၊ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်အခြေပြု ယာဉ်လိုင်း ၄ လိုင်းတို့သည် ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ သွားလာကြမည့် ခရီးသွားပြည်သူများအတွက် ရန်ကုန်- ပုသိမ်၊ ရန်ကုန်-ဝါးခယ်မ-မော်ကျွန်း၊ ရန်ကုန်-မြောင်းမြ၊ ရန်ကုန်-ဖျာပုံ-ဘိုကလေး၊ ရန်ကုန်-ဓနုဖြူ ခရီးစဉ်များသို့ YBS ယာဉ်လိုင်းများမှ ခရီးသည်တင်ယာဉ်များဖြင့် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အင်အားဖြည့်ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများသွားလာမှု အဆင်ပြေ စေရေးအတွက် ရန်ကုန်-မန္တလေး အစုန်/အဆန် သြင်္ကန် အထူးရထားများကို ဧပြီ ၈ ရက်မှ ၁၃ ရက်အထိ နှင့် သြင်္ကန် အပြီး ဧပြီ ၁၇ ရက်မှ ၁၉ ရက် အထိ လည်းကောင်း၊ ဝန်ထမ်းအထူးရထားများအဖြစ် နေပြည်တော် – ရန်ကုန် ခရီးစဉ်ကို ဧပြီ ၁၂ ရက်တွင်လည်းကောင်း၊ ရန်ကုန်- နေပြည်တော်ခရီးစဉ်ကို ဧပြီ ၁၇ ရက်တွင် လည်းကောင်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းတွင် ရထားတွဲဆိုင်း ၈ ဆိုင်းဖြင့် ရထားစီးရေ ၉၀ ကို နေ့စဉ် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ ပြေးဆွဲမည့် YBS ခရီးသည်တင် ယာဉ်လိုင်းများနှင့် မြန်မာ့မီးရထားမှ ခရီးစဉ်များကို ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲသွားမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအခြေပြု ၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေပြုယာဉ်လိုင်း များသည် ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)မှစ၍ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်မှစ၍ ယာဉ်လိုင်း အားလုံး ပုံမှန်အတိုင်းပြေးဆွဲသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117