ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) အဂတိ လိုက်စားမှု တိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး ဇွဲလုံ့လဝီရိယဖြင့် လုပ်ဆောင်ရန် လည်း သန္နိဋ္ဌာန် ချထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စား မှု...
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် တစ်ပြား ကျပ် ၂၀၀၀ ဖြင့်တွက်ပါက ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅၀,၀၀၀ ပြား၊ အိုက်စ် ၁၀ ဂရမ်တို့ကမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးအား ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာချက်အား ယနေ့ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင်လှေလှော်အသင်းများ လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံ တားမြို့နယ်ကြားရှိ ဗိုလ်အောင်ကျော် လမ်းအား ဒီဇင်ဘာ ၂၀ ရက်တွင် ရှေးဟောင်းအမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ရန် စီစဉ်ထားကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) မြန်မာ-အီတလီ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းဆိုင်ရာများအား စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E....
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးတွင် ကုန်တင်ကုန်ချအလုပ်သမားပြဿနာများနှင့် ယာဉ်ကြောကြပ်တည်းမှု ပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၂,၃၄၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) သတင်းသမားတစ်ဦးအနေဖြင့် အမိနိုင်ငံတော်ကို ချစ်စိတ်၊ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက် လိုစိတ်များ ရှိဖို့ လိုအပ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၇,၅၀၀ တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။