Connect with us

Politics, Law & Military

ကရင်ပြည်နယ်အတွင်း တရားမဝင်သစ်အမြောက်အမြားနှင့် သစ်ခွဲစက်များစွာ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားမ၀င်သစ်များအားတွေ့ရစဉ်(သစ်တောဦးစီးဌာန)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မတ် ၂၅ ရက် နံနက် ၁၁နာရီ ခွဲက တရားမဝင်သစ်အမြောက်အမြားနှင့် သစ်ခွဲစက်များစွာ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအုပ်စုအတွင်း သစ်ခွဲစက်များဖြင့် တရားမဝင်သစ်များခွဲနေကြောင်း သတင်းအရ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာမှ တရားမဝင်သစ်အလုံး ကိုးရာကျော် သစ်ခွဲသားဆိုဒ်စုံ တန်သုံးဆယ်ခန့်နှင့်ပျဉ်းကတိုး တိုင် ၁၇၃ လုံး ကျွန်းသစ်တိုင် ၁၂၈ လုံးတို့ အပါအဝင် လွှဝိုင်းစက်ဆိုဒ်စုံ ၁၆ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ပူးပေါင်းအဖွဲ့များဖြင့်ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ ရွှေဂွန်းကျေးရွာ၊ အောက်တောရပ်ကွက်တွင် စုပုံထားသော ဦးအေးမောင်ပိုင် သစ်လုံးကြီး(၁၄၅)လုံးကို လည်းကောင်း၊ ရွှေဂွန်းကျေးရွာအုပ်စု တကူဆိပ်ကျေးရွာနေ ဦးအောင်ကျော်မိုး (၄၄-နှစ်)၏ သစ်စက်အတွင်းမှ သစ်ခွဲသားဆိုဒ်စုံ(၅)တန်ခန့်နှင့် သစ်အလုံး(၂၀၀)ခန့် အပါအဝင် လေးပေဝိုင်းစက် နှစ်လုံးတို့ကို လည်းကောင်း၊ ရွှေဂွန်းကျေးရွာအုပ်စု ကန်းနီကျေးရွာနေ ဦးကျော်ဒို့(၃၅-နှစ်)၏သစ်စက်မှ သစ်ခွဲသား ဆိုဒ်စုံ(၂)တန်ခန့်နှင့် သစ်အလုံး(၂၀၀)လုံးအပါအဝင် သုံးပေခွဲ ဝိုက်စက်တစ်လုံး တို့ကိုအသီးသီးသိမ်းဆည်းရမိခဲ့ကြောင်းသိရသည့်။

ထို့အတူ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သန်းဝင်းဦးစီးသည့် ပူးပေါင်းအဖွဲ့က ရွှေဂွန်းကျေးရွာအုပ်စု စံပြအေးရပ်ကွက်နေ ဦးသန်းထိုက်ဦး(၃၇-နှစ်)၏သစ်စက်မှ လေလံဆွဲထားသော သစ် လုံး(၅)လုံးနှင့် အခြားသစ်အလုံး(၉၃)လုံး(၃)ခြမ်း၊ ပျဉ်းကတိုးတိုင်(၁၀)လုံး၊ သစ်ခွဲသား(၅)တန်ခန့်၊ လိုင်စင်ရှိ သုံးပေဝိုင်းစက်တစ်လုံး ၎င်းသစ်စက်အနီးမှ ပျဉ်းကတိုးတိုင်(၁၆၃)တိုင်နှင့်သစ်အလုံး(၂၀)တို့ကိုလည်း ကောင်း ၎င်း၏လက်ခွဲသစ်စက်အတွင်းဆက်လက် ရှာဖွေရာ ပျဉ်းကတိုးခွဲသား(၁)တန်ခန့်နှင့်သုံးပေလွှစက် အဝိုင်း(၁)စုံ၊ရွှေဂွန်းကျေးရွာအုပ်စု စံပြအေးရပ်ကွက် စာသင်ကျောင်းလမ်းထိပ်မှ ဦးဟန်ဝင်းအောင်(၃၉-နှစ်) ပိုင်သည့် သစ်လုံး(၇)လုံးတို့ကို အသီးသီးသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့အတူ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းအောင်ဦးစီးအဖွဲ့က ရွှေဂွန်းကျေးရွာအုပ်စု အောက်တောရပ်ကွက်ရှိ ဦးစိုးဇော်ထူး(၃၆-နှစ်)သစ်စက်အတွင်းမှ သစ်လုံး(၆၇)လုံး၊ ကျွန်းတိုင်(၁၂၈)တိုင်၊သစ်ခွဲသားဆိုဒ်စုံ(၇)တန် ခန့် နှင့် သုံးပေဝိုင်းခွဲစက်(၂)လုံးတို့ကိုလည်းကောင်း ရွှေဂွန်းကျေး ရွာအုပ်စု စံပြအေးရပ်ကွက်ရှိ ဦးဟန်ဝင်းအောင် သစ်စက်အတွင်းမှ သုံးပေလွှဝိုင်းစက်(၁)လုံး၊ တစ်ပေလွှဝိုင်းစက်(၁)လုံး၊ သစ်အလုံး(၈၀)နှင့် သစ်ခွဲသားဆိုဒ်စုံ(၃)တန်ခန့်တို့ကို အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သိမ်းဆည်းရမိခဲ့သည့် အခြားသစ်(၉၃၆)လုံး(၃)ခြမ်းနှင့်လေလံစာရွက်ပါ အခြားသစ်(၅)လုံး ခွဲသားဆိုဒ်စုံ အခြားသစ်(၃၀)တန်ခန့် လွှဝိုင်းစက်ဆိုဒ်စုံ (၁၆)လုံးနှင့် ပျဉ်းကတိုးတိုင်(၁၇၃)လုံးအပါအဝင် ကျွန်းသစ်တိုင်(၁၂၈)လုံးတို့ကို အသီးသီးသိမ်းဆည်းရမိခဲ့သဖြင့် တရားမဝင်သစ်ခွဲစက် လုပ်ကိုင် သူများနှင့်သစ်များ သိုလှောင်ထားသူတိုအား အမှုဖွင့်အရေးယူရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)